
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ ဒါးကတိုက်နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဥဦးကျော်ကျော်နှင့် ၄င်း၏အစ်မဖြစ်သူ မခင်
မြတ်ကျော်တို့မှဦးဆောင်၍ ငွေများကို တောင်းယူနေသည်ဟု ဒေသခံများကပြောသည်။
“စစ်မှုထမ်းဖို့အကျုံးဝင်သူအားလုံးငွေထည့်ရတယ်၊ မဖြစ်မနေတောင်းနေကြတာ။ မပေးနိုင်လို့ အကျိုးအကြောင်းသွားပြောရင်လည်း စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်တယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိသည့် လူငယ်တစ်ဦးလျှင် နှစ်သိန်းကျပ်တောင်းယူပြီး အိမ်ထောင်စုတစ်စုလျှင် လူငယ်နှစ်ဦးရှိက ငွေ သုံးသိန်းရှစ်သောင်းကျပ် တောင်းယူကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းတွင် ၂၆မြို့နယ်ရှိပြီး စစ်
ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ ငွေတောင်းယူမှုများကို ပိုမိုပြုလုပ်လာကြပြီး အုပ်ချုပ်ရေးမှူးအများစု ကြီးပွားချမ်းသာနေကြသည်ဟု ဒေသခံများကပြောဆိုသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၁၀ကို စစ်ကောင်စီက ယမန်နေ့ မေ ၅ ရက်နေ့တွင် သင်တန်းဆင်းပေးခဲ့ပြီး လာမည့် အမှတ်စဥ် ၁၁ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ ထပ်မံခေါ်ယူရန်လည်း ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည်။
ဓာတ်ပုံ- မေ ၅ရက်နေ့က ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၁၀ သင်တန်းဆင်းများနှင့် စစ်
ကောင်စီခန့် ဝန်ကြီးချုပ်တို့ တွေဆုံစဥ်
#ကန်ကြီးထောင့် #ကျေးရွာအုပ်ချုပ်ရေးမှူး #စစ်မှုထမ်း #သိန်းချီငွေတောင်း #စစ်မှုထမ်းရမည်ဟုခြိမ်းခြောက် #Ayeyarwaddy_Times