
ဧရာဝတီတိုင်းမ်
မေ ၅ ရက်
လာမယ့် သောကြာနေ့မှာကျင်းပမယ့် ဒုတိယကမ္ဘာပြီးဆုံးမှု နှစ် ၈၀ ပြည့် စစ်အောင်ပွဲနေ့ အခမ်း အနားကို တက်ရောက်မယ့် ပြည်ပကိုယ်စားလှယ်အဖွဲ့တွေရဲ့ လုံခြုံရေးကို ယူကရိန်းအစိုးရက အာမမခံ ဘူးလို့ သမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
“မေလ ၉ ရက်မှာ ရုရှားသို့သွားရောက်မယ့် တိုင်းပြည်အားလုံးအတွက် ကျွန်တော်တို့ရဲ့ ရပ်တည် ချက်က ရှင်းပါတယ်။ ရုရှားပိုင်နက်အတွင်းမှာ ဖြစ်ပျက်တာတွေအတွက် ကျွန်တော်တို့ တာဝန်မယူပါ ဘူး” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
မီးရှို့မှုနဲ့ ဗုံးကြဲမှုတွေ အပါအဝင် ရုရှားနိုင်ငံက ရန်စမှုတွေကို ယူကရိန်းနိုင်ငံအပေါ် အပြစ်ဖို့ချနိုင် တယ်လို့ ၎င်းက သတိပေးပါတယ်။
မော်စကိုမြို့တော်မှာ မေလ ၉ ရက်မှာပြုလုပ်မယ့် ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်တွေက နာဇီဂျာမနီအပေါ် အောင်ပွဲရအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘရာဇီးသမ္မတ လူးဝစ်လူလာ ဒါဆေးလ်ဗားတို့လည်း တက်ရောက်မယ်လို့ သိရပါတယ်။
ဇီလန်စကီးရဲ့ပြောကြားချက်ဟာ စကားလုံးရန်စမှုလို့ ရုရှားလုံခြုံရေးကောင်စီ ဒုတိယဉက္ကဌနဲ့ သမ္မတဟောင်း ဒီမီထရီမတ်ဗီဒတ်ဗ်က လူမှုကွန်ရက် တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
ရင်ပြင်နီအောင်ပွဲမတိုင်မီ မေလ ၈ ရက်မှစတင်ကာ တစ်ဖက်သတ် ၃ ရက်ကြာ အပစ်အခတ်ရပ် စဲကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့ပါတယ်။
ပူတင်ရဲ့ကြေညာချက်ကို ယူကရိန်းနိုင်ငံက ပယ်ချခဲ့ပြီး ရက် ၃၀ အပစ်အခတ်ရပ်စဲဖို့ တောင်းဆို လိုက်ပါတယ်။
ကိုးကား – Reuters
Ref; Kyiv can’t guarantee safety of foreign leaders on May 9 in Moscow, Zelenskyy says
#Ayeyarwaddy_Times