
ဧရာဝတီတိုင်းမ်
မေ ၅ ရက်
ယီမင်နိုင်ငံတွင်းမှ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်း ဘင်ဂူရီယွန်လေဆိပ်အနီး ကျရောက်ခဲ့ရာ လူ ၆ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူ သီသူပုန်တွေက ပြောပါတယ်။
ဒုံးကျည်ကို ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းခဲ့ပေမယ့် တဲလ်အဗစ်မြို့တော်အနီးရှိ အပြည်ပြည် ဆိုင်ရာလေဆိပ်ဝန်းကျင်မှာ ကျရောက်သွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
လေဆိပ်မှာ လေယာဉ်တွေ ပျံတက်တာ၊ ဆင်းသက်တာတွေကို ခဏတာ ရပ်ဆိုင်းခဲ့တယ်လို့ ဒေ သန္တရမီဒီယာတွေက ဖော်ပြပါတယ်။
အစ္စရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်ဒေသမှာ ဟားမာစ်အဖွဲ့ကို တိုက်ခိုက်မှုတွေ ဆက်လက်ပြု လုပ်စဉ် ယခုလို ဒုံးကျည်တိုက်ခိုက်မှု ဖြစ်လာခဲ့တာပါ။
ဟူသီအဖွဲ့က ဟားမာစ်အဖွဲ့နဲ့ တစ်သားတည်းရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မကြာခဏဆို သလို အစ္စရေးနိုင်ငံအား ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဟူသီအဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ အစ္စရေးလေဆိပ်ကို အသုံးပြုတာ ရပ်တန့်ဖို့ လေကြောင်းလိုင်းအားလုံးကို သတိပေးခဲ့ပါတယ်။
“ကျွန်တော်တို့ကို အန္တရာယ်ပေးသူတိုင်းမှာ ခုနှစ်ဆ ထိခိုက်နစ်နာမှာဖြစ်ပါတယ်” လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားခဲ့လို့ ဒေသတွင်း တင်းမာမှုတွေ ထပ်မံမြင့်တက်လာ မှာကို စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ကိုးကား – NHK
Ref; Houthi missile lands near Israel’s Ben Gurion Airport, 6 reportedly injured
#Ayeyarwaddy_Times