ဧရာဝတီတိုင်းမ်
မေ ၅ ရက်

ဧရာ၀တိီတိုင်း၊ မြောင်းမြမြို့နယ်၊ကျားကွင်းကျေးရွာအုပ်စုတွင် မေ ၄ ရက်နေ့ ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို သေနတ်ဖြင့်လာရောက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အုပ်ချုပ်ရေးမှူးရွှေသောင်း၏ နေအိမ်သို့ အမျိုသားတစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူးမှာ အိမ်နောက်ဖေးမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများကပြောသည်။

“အုပ်ကြီး မိန်းမတော့ လက်ကိုထိသွားတယ်။ အိမ်ကကလေးတွေကိုတော့ ဘာမှလုပ်မသွားဘူး။ စစ်တပ်နဲ့ရဲက မိုးလင်းမှရောက်လာတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တိီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဒေသခံအချို့ကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း ဧရာ၀တီတိုင်း၊ကျုံပျော်မြို့နယ်၊ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးလှကြိုင်သေနတ်နှင့်ပစ်ခတ်ခံရကာ သေဆုံးခဲ့ပြီး ဟင်္သာတမြို့နယ်၊ သံနွံသနော့ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်ဖြူသည်လည်း ဓါးခုတ်ခံရကာသေဆုံးခဲ့သည်။

#မြောင်းမြ #ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် #သေနတ်ဖြင့်ပစ်ခတ်ခံရ #Ayeyarwaddy_Times