ဧရာဝတီတိုင်းမ်
မေ ၄ ရက်

မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတိုဟာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုဟာ ခွဲခြားဆက်ဆံမှု သို့မဟုတ် ကန့်သတ်ချက်တွေ မရှိရဘူးဆိုတဲ့ ရပ်တည်ချက်ရှိတယ်လို့ မလေးရှားဝန် ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

မနေ့က ဖိလစ်ပိုင်သမ္မတ မာဒီနန်မားကို့စ်ဂျူနီယာနဲ့ ဖုန်းပြောဆိုမှုအတွင်း ထိုအချက်ကို သ ဘောတူခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး အပစ်အ ခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ မလေးရှားနိုင်ငံက တောင်းဆိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“အာဆီယံ၊ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကို ဆွေးနွေး ဖို့ ဒီနေ့လည်ပိုင်းမှာ ကျွန်တော် မားကို့စ်ဂျူနီယာနဲ့ ဖုန်းပြောဆိုခဲ့ပါတယ်” လို့ အန်ဝါက လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စည်းကြပ်ခွန် စေ့စပ်ညှိနှိုင်းမှုမှာ အမေရိကန်နိုင်ငံအတွက် အရေးပါမှုကို ထုတ် ဖော်ပြသဖို့ မလေးရှားနိုင်ငံက အာဆီယံအဖွဲ့ရဲ့ရပ်တည်ချက်ကို ဖော်ထုတ်ခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ်တဲ့ ၎င်းက ပြောပါတယ်။

“စည်းကြပ်ခွန်ကောက်ခံဖို့ ရက် ၉၀ ကြာ ရွှေ့ဆိုင်းဖို့ အမေရိကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်က အခြား ကိစ္စရပ်တွေ ဆွေးနွေးဖို့ သက်သာရာရစေပါတယ်” လို့ သူက ဆိုပါတယ်။

မေလ ၁၂ ရက် ဖိလစ်ပိုင် အထွေထွေရွေးကောက်ပွဲမှာ မားကို့စ်ဂျူနီယာ အခြေအနေကောင်းပါ စေကြောင်း ဆန္ဒပြုတယ်လို့ အန်ဝါက ဆိုပြီး ကွာလာလမ်ပူမြို့တော်မှာ မကြာမီကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ၎င်းနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ကိုးကား – Bernama
Ref; Anwar and Marcos back unrestricted aid for Myanmar, urge ceasefire extension amid Asean efforts

#Ayeyarwaddy_Times