
ဧရာဝတီတိုင်းမ်
မေ ၄ ရက်
ပါကစ္စတန်စစ်တပ်ဟာ စနေနေ့က မြေပြင်-မြေပြင်ခွင်းဒုံးခွင်းစနစ် စမ်းသပ်ခဲ့ရာ အိန္ဒိယနိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်စေခဲ့ပါတယ်။
အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့လက ကမ္ဘာလှည့်ခရီးသွားတွေအပေါ် တိုက် ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံ ပါဝင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲခဲ့ရာ နျူကလီးယားလက်နက်ပိုင် အိမ်နီး ချင်းနှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်စေခဲ့ပါတယ်။
၂၇၉ မိုင်အထိ ရောက်ရှိနိုင်တဲ့ မြေပြင်-မြေပြင်ခွင်းဒုံး Abdali Weapon System ကို အောင်မြင် စွာ စမ်းသပ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
“ဒုံးကျည်စမ်းသပ်မှုဟာ တပ်ဖွဲ့တွေ စစ်ဆင်ရေးဆောင်ရွက်ရေး အသင့်ဖြစ်မှုဖြစ်ဖို့ ရည်ရွယ်ပါ တယ်” လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
လူ ၂၆ ဉီး သေဆုံးခဲ့တဲ့ အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသ တိုက်ခိုက်မှုကို လက်တုံ့ပြန်ရေး စစ်တပ်ကို စစ်ဆင်ရေး အပြည့်အဝ ဆောင်ရွက်ခွင့်ပြုထားတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားပြီးနောက် ပါကစ္စတန်စစ်တပ်က ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။
ပါကစ္စတန်နိုင်ငံက တိုက်ခိုက်မှုမှာ မပါဝင်ဟု ငြင်းဆန်ခဲ့ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ် ရပ်ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာနိုင်တယ်လို့ ပါကစ္စတန်နိုင်ငံက ဒီသီ တင်းပတ်အတွင်း သတိပေးခဲ့ပြီး အိန္ဒိယရဲ့ ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို လက်တုံ့ပြန်မယ်လို့ ပြောပါ တယ်။
နိုင်ငံတကာကလည်း တင်းမာမှုတွေ လျှော့ချဖို့ အိန္ဒိယနဲ့ ပါကစ္စတန်ကို ပြောကြားခဲ့ပြီး စိတ်ရှည် သည်းခံဖို့ တရုတ်နိုင်ငံက တိုက်တွန်းကာ အခြေအနေက စိုးရိမ်စရာလို့ ဉရောပသမဂ္ဂက သတိပေးခဲ့ပါ တယ်။
ဒေသတွင်း ပဋိပက္ခမဖြစ်စေတဲ့နည်းလမ်းနဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်က အိန္ဒိယနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
ပိုင်နက်နယ်မြေမှာ တစ်ခါတစ်ရံ လှုပ်ရှားတဲ့ အကြမ်းဖက်သမားတွေကို ပိုက်စိတ်တိုက်ရှာဖွေဖို့ လည်း ၎င်းက ပါကစ္စတန်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – AFP
Ref; Pakistan tests missile weapons system amid India standoff
#Ayeyarwaddy_Times