
ဧရာဝတီတိုင်းမ်
မေ ၃ ရက်
လူ ၃၈၀၀ နီးပါး သေဆုံးခဲ့တဲ့ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့လင့်ကစား မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့က မေ လ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
“မြေငလျင် လှုပ်ခတ်ပြီးနောက် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရှိနေတာဟာ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ အရပ်ဘက်အုပ်ချုပ်ရေး ကိုပြန်သွားဖို့ လိုအပ်တာကို မီးမောင်းထိုးပြနေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မတ်လ ၂၈ ရက်မှ ဧပြီလ ၂၉ ရက်နောက်ပိုင်း မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ် အပါအဝင် တိုက်ခိုက်မှု ၂၄၃ ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
တိုက်ခိုက်မှုအများစုဟာ အပစ်အခတ်ရပ်စဲရေး အာဏာတည်ပြီးနောက် ဖြစ်ပွားခဲ့ပြီး မြန်မာစစ် တပ်အနေနဲ့ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို တိုက်ခိုက်တာ ချက်ချင်း ရပ်တန့်ဖို့ အ ရေးကြီးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အတောမသတ်တဲ့ တိုက်ခိုက်မှုတွေဟာ နှစ်ချီကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပြင် မြေငလျင်ဘေးသင့် ပြည်သူတွေကို သက်ရောက်စေတယ်လို့ ဗော်လ်ကာတပ်ခ်က ထောက်ပြပါတယ်။
မြန်မာပြည်သူ သန်း ၂၀ နီးပါးဟာ လူသားချင်းစာနာမှု အကူအညီကို မှီခိုနေရပြီး စားနပ်ရိက္ခာ၊ ရေနဲ့ နေစရာတွေ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
“မြန်မာပြည်သူတွေဟာ အကူအညီတွေ လိုအပ်နေပြီး သူတို့ကို ငြိမ်းချမ်းရေးနဲ့ ကာကွယ်စောင့် ရှောက်မှု ပေးရမှာဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ အကူအညီလိုအပ်သူတွေထံ အဟန့် အတားမရှိ ရောက်ရှိရမယ်လို့ အပြည်ပြည်ဆိုင်ရာဉပဒေက ရှင်းလင်းစွာ ဖော်ပြထားပါတယ်” လို့ ၎င်းက ပြောပါတယ်။
ပြည်သူတွေကို အလေးထားဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လိုအပ်ချက်ကို ဉီးစားပေးဖို့နဲ့ အ ကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ ဗော်လ်ကာတပ်ခ်က မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။
“စစ်တပ်အင်အား တောင့်တင်းအောင်လုပ်ဆောင်တာထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရား ဉပဒေစိုးမိုးရေ ပြန်လည်ရရှိရေး အလေးထားရပါမယ်” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – AFP
Ref; Over 200 killed in at least 243 Myanmar military attacks since quake: UN
#Ayeyarwaddy_Times