
ဧရာဝတီတိုင်းမ်
မေ ၃ ရက်
တရုတ်နိုင်ငံနဲ့ စည်းကြပ်ခွန် ဆွေးနွေးမှုတွေကို မကြာမီ စတင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
မာကိုရူဘီယိုဟာ ကြာသပတေးနေ့က Fox News မှာ အခုလို ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး ပွတ်တိုက်မှုကို မှတ်ချက်ပြုခဲ့တာပါ။
အမေရိကန်နိုင်ငံရဲ့ စည်းကြပ်ခွန် အစီအမံတွေဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးကို ဆိုးရွားစွာ ထိ ခိုက်စေပြီး တရုတ်နိုင်ငံက တွေ့ဆုံဆွေးနွေးဖို့ လိုလားနေတယ်လို့ ၎င်းက ပြောပါတယ်။
တရုတ်နဲ့ စည်းကြပ်ခွန် ဆွေးနွေးမှုမှာ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် ပါဝင်နေပြီး ၎င်းတို့ ရဲ့ ဆွေးနွေးမှုတွေကို မကြာမီ စတင်မယ်လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက တရုတ် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခဲ့ပြီး စည်းကြပ်ခွန် ဆွေးနွေးမှုပြုလုပ်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ စည်းကြပ်ခွန် ဆွေးနွေးမယ့်ကိစ္စရပ်အပေါ် အကဲဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ရပ်တည်ချက် အပြောင်းအလဲမရှိကြောင်း၊ အမေရိကန်နိုင်ငံက ဆွေးနွေးဖို့ လိုလား ပါက တံခါးဖွင့်ထားဆဲဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံက တိုက်ခိုက်လိုပါက တရုတ်နိုင်ငံက အဆုံးအထိ လက်တုံ့ပြန်သွားမယ်လို့ အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Rubio says US will soon begin tariff talks with China
#Ayeyarwaddy_Times