ဧရာ၀တီတိုင်းမ်
မေ ၁ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့အတွင်း ကင်းပတ်လှည့်လည်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို Myingyan Black Tiger (MBT)တပ်ဖွဲ့မှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိတစ်ဦးနှင့်ပြည်သူ့စစ် (ပျူစောထီး)တစ်ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။

ဆီမီးခုံမြို့အတွင်း ကင်းပတ်လှည့်လည်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဧပြီ ၃၀ရက် ည ၈နာရီခန့်တွင် MBT တပ်ဖွဲ့မှ ပျောက်ကြားနည်းဗျူဟာအား အသုံးပြု၍ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိ အရာရှိအပါအဝင် ပြည့်သူစစ်(ပျူ) နှစ်ဦး သေဆုံးကာ G3 သေနတ် နှစ်လက်နှင့် ကျည်ဆံ ၁၈ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger က ထုတ်ပြန်ထားသည်။

Myingyan Black Tiger (MBT) အနေဖြင့် မြို့တွင်းစစ်ဆင်ရေးများကို အချိန်နှင့် တပြေးညီ ဖော်ဆောင်နိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သွားလာရာနေရာများနှင့် နီးကပ်စွာသွားလာခြင်းမပြုရန် အထူးပင် မေတ္တာရပ်ခံကြောင်း MBT အသိပေးထားသည်။

ဓာတ်ပုံ-Myingyan Black Tiger

#ဆီမီးခုံမြို့ #ကင်းပတ်လှည့်လည် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #MBT #ဝင်ရောက်တိုက်ခိုက် #၂ဦးသေဆုံး #Ayeyarwaddy_Times