ဧရာဝတီတိုင်းမ်
မေ ၂ ရက်

ပြီးခဲ့တဲ့အပတ်က ကက်ရှ်မီးယားဒေသမှာ လူအသေအပျောက်ရှိတဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်နေပြီး စိတ်ရှည်သည်းခံကြဖို့ ကုလသမဂ္ဂအဖွဲ့က နှစ်နိုင်ငံစလုံး ကို တောင်းဆိုနေပါတယ်။

ဧပြီလ ၂၂ ရက်က အိန္ဒိယထိန်းချုပ် ဂျန်မူးနဲ့ ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေက ကမ္ဘာလှည့်ခရီးသွားအဖွဲ့ကို ပစ်ခတ်ခဲ့ရာ လူ ၂၆ ဉီး သေဆုံးခဲ့ပါတယ်။

အိန္ဒိယရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး မည်သူ့ လက်ချက်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။

ပါကစ္စတန်က တိုက်ခိုက်မှုနောက်ကွယ်မှာ ပါဝင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲခဲ့ပြီး လက်တုံ့ ပြန်တိုက်ခိုက်မှု လုပ်ဆောင်မယ်လို့ ပြောဆိုပါတယ်။ ပါကစ္စတန်နိုင်ငံက အဆိုပါစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ ပါတယ်။

ထိုဖြစ်စဉ်နောက်ပိုင်း နှစ်နိုင်ငံတပ်ဖွဲ့တွေဟာ နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး သံတမန်ရေး အစီအမံတွေ လုပ်ဆောင်ကာ လေပိုင်နက်တွေကို ပိတ်ပင်ခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှာရစ်ဖ်၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာတို့နဲ့ ဖုန်းပြောဆိုပြီး တင်းမာမှုတွေ လျှော့ချဖို့ တိုက် တွန်းကာ ထိပ်တိုက်တွေ့ဆုံမှုဟာ ကမ္ဘာကြီးအတွက် ကပ်ဘေးတစ်ခု ဖြစ်စေမယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; UN urges India, Pakistan to de-escalate amid Kashmir tensions

#Ayeyarwaddy_Times