
ဧရာဝတီတိုင်းမ်
မေ ၁ ရက်
ဧရာ၀တီတိုင်း၊ဖျာပုံမြို့နယ်တွင် လွန်ခဲ့သော နှစ်လခန့်ကပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ဖျာပုံ- ဘိုကလေးကားလမ်းဘေးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနှင့်သကံဂွကြီး ကျေးရွာအနီး၊ ဖျာပုံ-ဘိုကလေးကားလမ်းဘေးတွင်လူအရိုးစုတစ်ခုတွေ့ကြောင်း ဒေသခံအချို့မှ အကြောင်းကြားရာမှ ယခုကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။
“သေဆုံးတာကြာလို့ အရိုးစုပဲကျန်တော့တယ်၊သူ့လက်မှာ ဟန်းချိန်းကိုတွေ့မှ ဖျာပုံမှာလူပျောက်တိုင်ထားတဲ့ကောင်မလေး ဖြစ်နေတာ။ ဘာကြောင့်သေဆုံးရလဲဆိုတာမသိရသေးဘူး”ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သေဆုံးနေသူသည် ဖျာပုံမြို့နယ် ၊ကျုံတာကျေးရွာတွင်နေထိုင်သူ အသက်(၂၃)အရွယ်မဖူးဖူးရွှေစင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားရာမှ ပျောက်ဆုံးနေသည့်အတွက် လူပျောက်မှုဖြင့်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
မဖူးဖူးရွှေစင်သေဆုံးရသည့်အကြောင်းရင်းကို ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်နေပြီး မေ ၁ ရက်နေ့ နေ့လည် ၁၂ နာရီတွင်သူမ၏ ရုပ်အလောင်းကို ကျုံတာသုသာန်တွင် သင်္ဂြိုလ်မည်ဖြစ်သည်။
#အမျိုးသမီး၏အလောင်း #ဖျာပုံဘိုကလေးလမ်းဘေးတွင်တွေ့ရှိ #မဖူးဖူးရွှေစင် #Ayeyarwaddy_Times