ဧရာဝတီတိုင်းမ်
မေ ၁ ရက်

ရုရှားနိုင်ငံသို့ စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သည် ၆၀၀ ခန့် သေဆုံးတာ အပါအဝင် တပ်ဖွဲ့ ဝင် ၄၇၀၀ ခန့် သေကျေဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

ယူကရိန်းစစ်တပ်ကို ကူတိုက်ပေးဖို့ ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသသို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်မှုကို အမျိုးသားထောက်လှမ်းရေးဌာနက ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်သို့ တင်ပြခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံဟာ တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့်အထိ ရုရှားနိုင်ငံသို့ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်ရေးဌာနမှ တာဝန်ရှိသူတွေကို ကိုးကားပြီး လွှတ်တော်အမတ်တစ်ဉီးက ပြောပါတယ်။

ကျဆုံးစစ်သားတွေကို ကာတ်စ်ဒေသမှာ မီးသင်္ဂြုဟ်ခဲ့ပြီး ဒဏ်ရာရစစ်သည် ၂၀၀၀ ခန့်ကို ဇန်နဝါ ရီလမှ မတ်လအတွင်း လေကြောင်း သို့မဟုတ် ရထားဖြင့် ပြုံယမ်းမြို့တော်သို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ဒရုန်းအသုံးပြုရာမှာ ပိုမို ကျွမ်းကျင်လာခဲ့ပြီး တိုက်ပွဲဝင်စွမ်း ရည် သိသိသာသာ တိုးတက်လာခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေက ကာတ်စ်ဒေသရှိ ပိုင်နက်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ တိုက်ခိုက်မှု တွေ အရှိန်မြှင့်ပြီးနောက် ပြီးခဲ့တဲ့လတွေအတွင်း တိုက်ပွဲတွေ လျော့နည်းလာခဲ့တယ်လို့ တောင်ကိုရီး ယား ထောက်လှမ်းရေးဌာနက ပြောပါတယ်။

တပ်ဖွဲ့တွေ စေလွှတ်မှုနဲ့ လက်နက်တွေ ထောက်ပံ့မှုကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနိုင် ငံမှ ဒရုန်းတွေ၊ အင်အားပြင်း အီလက်ထရောနစ်စနစ်တွေနဲ့ လေယာဉ်ပစ်ဒုံးကျည်တွေ လက်ခံရရှိခဲ့တယ် လို့ ယူဆရကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; North Korean troops sent to Russia suffered 4,700 casualties, South Korea says

#Ayeyarwaddy_Times