ဧရာဝတီတိုင်းမ်
မေ ၁ ရက်

လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်သားတွေ ဘေးကင်းရေးနဲ့ မြန်မာပြည်သူတွေအ တွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှု ဆက်လက်ပြု လုပ်ဖို့ အာဆီယံဉက္ကဌ မလေးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ကမ္ဘောဒီးယားနဲ့ စင်ကာပူက ထောက်ခံ တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်တို့နဲ့ ဒေသတွင်းကိစ္စ ရပ်တွေကို ဖုန်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းတို့နဲ့ တွေ့ဆုံခဲ့မှုကို ဝန်ကြီးချုပ်နှစ်ဉီးက ကြိုဆိုခဲ့တယ်လို့ ၎င်းက ဆက်ပြောပါ တယ်။

“တွေ့ဆုံမှုကို မြန်မာနိုင်ငံမှာ တာရှည်ခံသော ငြိမ်းချမ်းရေးရရှိဖို့ အရေးပါတဲ့ ခြေလှမ်းတွေအဖြစ် ရှုမြင်ပါတယ်” လို့ အန်ဝါက လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။

၎င်းတို့ဟာ ဒေသဆိုင်ရာ ကုန်သွယ်မှု အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ တန်ပြန်စည်းကြပ်ခွန် ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

“တန်ပြန်စည်းကြပ်ခွန်ကိစ္စမှာ အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်ကို မလေးရှားနိုင်ငံက ထုတ်ဖော် ပြောခဲ့ပြီး ကုန်သွယ်ရေးမူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ အမေရိကန်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ချစ်ကြည်ရင်းနှီးမှုစိတ်ဓာတ်နဲ့ အာဆီယံဗဟိုပြုမှု အခြေခံမူကို အခြေခံပြီး ပူးတွဲကြိုးပမ်းမှုဟာ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေအတွက် သာယာဝပြောမှုတွေ ဆောင်ကြဉ်းပေးဖို့ ယုံကြည်ပါ တယ်” လို့ ၎င်းက ပြောပါတယ်။

ကိုးကား – Bernama
Ref; Regional neighbours back Malaysia’s push for peace in Myanmar, says Anwar

#Ayeyarwaddy_Times