ဧရာဝတီတိုင်းမ်
မေ ၁ ရက်

အင်အားပြင်းထန်လွန်းသော စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက်အလွှာလိုက်ပြိုကျသွားသည့် မန္တလေး မြို့ရှိ Sky Villa ကွန်ဒိုကို ရှင်းလင်းရေးများဆက်လက်လုပ်ဆောင်နေပြီး ယနေ့ မေ ၁ ရက်နေ့တွင် Sky Villa (C) အဆောင်၊ အခန်း P3 မှ အမျိုးသမီးရုပ်အလောင်းကို ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါအမျိုးသမီးရုပ်အလောင်းနှင့်အတူ ရွှေနားကပ်တစ်ရံအပါအဝင် ရွှေလက်ကောက်တစ်ကွင်း တွေ့ရှိခဲ့ပြီး သေဆုံးသူ၏ အမျိုးသားထံပစ္စည်းများလွဲပြောင်းပေးလိုက်ကြောင်း ယင်းအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိတွင်Sky Villa အဆောက်အအုံ C နှင့် D အဆောင်များကိုဖယ်ရှားလင်းခြင်းနှင့် ရုပ်အလောင်း ထုတ်ယူနိုင်ရေး ဆောင်ရွက်နေပြီး ကျောက်စိမ်းလက်ကောက် ၁၀ ကွင်းအပါအဝင် ကျောက်အရိုင်း တုံးများနှင့် ဖြတ်စများကို ဧပြီ ၂၉ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့လှုတ်ခတ်သောအင်းအားပြင်းထန်သည့်ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျရာ၌ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်အပါဝင် သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်းသိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် သေဆုံးသူ ၃၇၉၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၉ ဦး နှင့် ပျောက်ဆုံးသူ ၁၀၆ ဦးရှိကြောင်း စစ်ကောင်စီ၏ ဧပြီ ၃၀ ရက်နေ့အထိ စာရင်းများအရသိရသည်။

ဓာတ်ပုံ – MFS
#မန္တလေး #skyvilla #အမျိုးသမီးရုပ်အလောင်းတွေ့ #စစ်ကိုင်းငလျင်ကြီး #Ayeyarwaddy_Times