
ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ပြည်ထောင်စုဟောင်း အောင်ပွဲရတဲ့ နှစ် (၈၀) ပြည့် အထိမ်းအ မှတ်အဖြစ် လာမယ့်အပတ်မှစပြီး ယူကရိန်းနိုင်ငံမှာ (၃) ရက်ကြာ အပစ်အခတ်ရပ်စဲမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တစ်ဖက်သတ် ကြေညာလိုက်ပါတယ်။
မေလ ၈ ရက် သန်းခေါင်ယံချိန်မှာ အပစ်အခတ်ရပ်စဲမှု စတင်မှာဖြစ်ပါတယ်။ ယူကရိန်းက စစ်ပွဲ ရပ်တန့်ပါက တိုက်ပွဲအားလုံး ရပ်ဆိုင်းမယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်လျင် ရုရှားနိုင်ငံက လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတရုံးက သ တိပေးခဲ့ပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေဆိုင်ဘီဟာက “ရုရှားအနေနဲ့ အမှန်တစ်ကယ်ကို ငြိမ်း ချမ်းရေး လိုလားရင် ချက်ချင်း အပစ်အခတ်ရပ်စဲရပါမယ်။ ဘာလို့ မေလ ၈ ရက်အထိ စောင့်ဆိုင်းနေရသ လဲ? ယူကရိန်းနိုင်ငံက တာရှည်ခံတဲ့ အပစ်အခတ်ရပ်စဲရေးကို ရက် ၃၀ ထက်မနည်း ထောက်ခံတယ်” လို့ လူမှုကွန်ရက်မှာ ပြောပါတယ်။
တာရှည်ခံသော အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်းလီဗက်က ပြောပါတယ်။
“သမ္မတ ပူတင်က ဒီမနက်မှာ ယာယီ အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းခဲ့တာကို ကျွန်မ နားလည်ပါ တယ်။ အရင်ဆုံး သတ်ဖြတ်မှုတွေ ရပ်တန့်မယ့် တာရှည်ခံတဲ့ အပစ်အခတ်ရပ်စဲတာကို လိုလားတယ်ဆို တာ သမ္မတ ဒေါ်နယ်ထရမ့်က ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို လာရောက်ဖို့ လိုအပ် တယ်လို့ သူက ဆက်ပြောပါတယ်။
ပူတင်ဟာ ဒီလအစောပိုင်းမှာ အီစတာပွဲတော်ကာလအတွင်း ယာယီ အပစ်အခတ်ရပ်စဲဖို့ ကြေ ညာခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin announces 3-day ceasefire starting May 8
#Ayeyarwaddy_Times