ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသပြင်ပသို့ ယူကရိန်းတပ်ဖွဲ့တွေကို ကူတိုက်ထုတ်ပေးဖို့ တပ်ဖွဲ့တွေ စေလွှတ်ပေးတဲ့ မြောက်ကိုရီးယားနိုင်ငံကို ကျေးဇူးတင်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူ တင်က ပြောပါတယ်။

မော်စကိုနဲ့ပြုံယမ်းကြား ပြီးခဲ့တဲ့ ဇွန်လမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်နဲ့အညီ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ခဲ့တာလို့ ပူတင်က တနင်္လာနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

“မြောက်ကိုရီးယားမိတ်ဆွေတွေဟာ စည်းလုံးညီညွတ်မှု၊ တရားမျှတမှု၊ စစ်မှန်သော ရဲဘော်ရဲ ဘက်စိတ်နဲ့ ယူကရိန်းတပ်ဖွဲ့တွေကို ကူတိုက်ပေးခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့ ဒါကို အသိအမှတ်ပြုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ မြောက်ကို ရီးယားပြည်သူတွေကို ကျေးဇူးတင်ရှိပါတယ်” လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာတွေကို ရုရှားပြည်သူတွေက ဘယ် တော့မှ မေ့ပျောက်မှာမဟုတ်ဘူးလို့ ပူတင်က ဆက်ပြောပါတယ်။

စစ်မြေပြင်မှာ ခိုင်မာစေခဲ့တဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ နယ်ပယ်စုံမှာ ဆက်လက်ပြီး တိုး တက်လာမယ်လို့ ယုံကြည်ကြောင်း ၎င်းက ပြောပါတယ်။

ကိုးကား – NHK
Ref; Putin thanks N.Korea for sending troops to fight Ukrainians

#Ayeyarwaddy_Times