
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၉ ရက်
တနင်္သာရီ တိုင်း ၊ သရက်ချောင်း မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီ ခန့်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရကာ ဆေးကုသမှု ခံယူနေသည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် သရက်ချောင်း မြို့နယ်အတွင်းရှိ ရွာတွေဖြစ်တဲ့ ရငဲ ၊ကျောက်ခမောက်၊ ကျွဲမင်းကုန်း ၊ချောက်ချောင်းရွာများဘက်သို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကတွဲ ရွာရှိ အသက် (၄၀) အရွယ် ဦးအောင်အောင် သေဆုံးခဲ့ပြီး ကျောက်ခမောက်ရွာက ဒေါ်မီးကန်း အသက် ၅၀ အရွယ် နှင့် သမီးဖြစ်သူ မဝင်းစန္ဒာထွေးအသက် ၁၈ နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှု ခံယူခဲ့ရသည်။
ထိုသို့ဆေးကုသမှု ခံယူနေစဉ်တွင်ပင် ဒေါ်မီးကန်း အသက် (၅၀) မှာ ရရှိထားသည့် ဒဏ်ရာဖြင့် ထပ်မံ သေဆုံး သွားကြောင်း သိရသည်။
“ဒေါ်မီးကန်းကို ရွာက အိမ်ဆေးခန်းလေးမှာဆေးကု သမှုပေးနေတယ်ပေါ့။ ရရှိထားတဲ့ ဒဏ်ရာက ပြင်းတယ်လေ။ ဆေးကုသမှုခံယူနေစဥ် ညနေပိုင်း မှာ ဒေါ်မီးကန်း ထပ်မံဆုံးသွားပါတယ်” ဟု ကျောက်ခမောက်ရွာ ဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့ ဧပြီ ၂၉ ရက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် မှု ကြောင့် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ရပြီး ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ဆေးကု သမှုခံယူနေဆဲဖြစ်သည်။
ပုံစာ – သေဆုံးသူ ဒေါ်မီးကန်း၊
#စစ်ကောင်စီတပ် #အကြောင်းမဲ့ #ဗုံးကြဲ #သရက်ချောင်းမြို့နယ် #ဒေသခံအမျိုးသမီး #ထပ်မံသေဆုံး #Ayeyarwaddy_Times