
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
ရှမ်းမြောက်၊ နောင်ချိုတွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ပြင်ဦးလွင် အုမ္မတီးလမ်းခွဲတွင် ယနေ့ ဧပြီ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ အနီးကပ်တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ရှမ်းတောင်ဘက်ပါ ထိုးစစ်အင်အားတွေပြင်လာပြီး စစ်အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်ထား တယ်။ အခုက ဘက်စုံက နေ ချနေတဲ့သဘောပဲ။ တောင်ခမ်းကို အဘက်ဘက်ကနေ အင်အားဖြည့် ဝင်တိုက်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် ပြင်ဦးလွင်တပ်နယ်မှနေ၍ စစ်ကားကြီး လေးစီးပါယာဉ်တန်းကို ဘန့်ဘွေးဘက်သို့ ယနေ့နေ့ခင်းတွင် ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်ကူယာဉ်တန်းတွင် လက်နက်ခဲယမ်းနှင့် တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ပါရှိနိုင်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီက နောင်ချိုကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး TNLA တပ်များအထိုင်ချ ထားသည့် နောင်လင်သို့လည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် TNLA တပ်များအထိုင်ချထားသော ယာပြင်ဘက်ရှိ စခန်းကုန်းတစ်ခုကို သိမ်းယူ လိုက်ပြီး ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ကာ စစ်ကောင်စီ တပ်မ (၁၁) ၏ ခမရ ၂၁၂၊ ခမရ ၂၁၃ တို့ သည် TNLA ၏ အဓိကစခန်းကုန်း ပွိုင့် ၁၂၇၉ ကို သိမ်းယူရန် ထိုးစစ်ပြင်ထားသော်လည်း ရှေ့ဆက်မတိုးနိုင်သည့် အနေအထားဖြစ်နေကြောင်း သတင်းရင်းမြစ်ကဆိုသည်။
လက်ရှိတွင် နောင်ချို၊ တောင်ခမ်းစစ်မျက်နှာပြင်ကို စစ်တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် အေးမင်းဦးက တိုက် ရိုက်ကွပ်ကဲ ထိုးစစ်ဆင်နေကြောင်း တပ်သတင်းရင်း မြစ်ထံမှ သိရသည်။
#ပြင်ဦးလွင် #အုမ္မတီးလမ်းခွဲ #TNLA #ပူးပေါင်းတပ် #စစ်ကောင်စီ #တိုက်ပွဲ #ပြင်းထန် #Ayeyarwaddy_Times