
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုယ်ကျိုးစီးပွားအတွက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ နယ်စပ်ဒေသအ များစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံမှုရမယ်လို့ နိုင်ငံခြားရေးအကြံ ပေး တော်ဟစ်ဟူစိန်က ပြောကြားလိုက်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် အခြေအနေ ပြောင်းလဲလာခဲ့တာကို ကျွန်တော်တို့ တရား ဝင် အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ ဒါကို ငြင်းလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ မြန်မာနဲ့နယ်စပ်တစ် ခုလုံးကို လက်ရှိမှာ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ ဗဟိုအစိုးရမှာ အာဏာမရှိတော့ ပါဘူး” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်တော်တို့ အကျိုးစီးပွားအတွက် ဆက်ဆံမှုပုံစံ လုပ်ရပါမယ်။ ကျွန်တော်တို့ AA နဲ့ လိုအပ် တဲ့ ထိတွေ့ဆက်ဆံမှု ပြုလုပ်ရပါမယ်” လို့ သူက ဆိုပါတယ်။
AA နဲ့ ဆက်သွယ်မှုလမ်းကြောင်း ဖွင့်လှစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့က ပ ထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။
စစ်ဘေးသင့် ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူအညီပေးရေးလမ်းကြောင်းတစ်ခု ထူ ထောင်ဖို့ ကုလသမဂ္ဂအဖွဲ့ရဲ့ အဆိုပြုချက်ကို မိုဟာမက်ယူနွတ် ဉီးဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့က သ ဘောတူခဲ့ပါတယ်။
မြန်မာနိုင်ငံသားများစွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတာကြောင့် မြန်မာပဋိပက္ခဟာ ၎င်း တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့ တော်ဟစ်ဟူစိန်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေးလမ်းကြောင်း ထူထောင်ဖို့နဲ့ပတ်သက် လို့ “ကျွန်တော်တို့ မူအားဖြင့် သဘောတူပါတယ်” လို့ ၎င်းက တုံ့ပြန်ပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ ကြီးကြပ်မှုအရ သေချာပေါက် ပူးပေါင်းဆောင် ရွက်မယ်လို့ သူက ဆိုပါတယ်။
ကိုးကား – bdnews24
Ref; Foreign Advisor justifies contact with Arakan Army as a ‘necessity’
#Ayeyarwaddy_Times