ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်

ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဟာ မြေငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့ တတိယ အသုတ် အရေးပေါ်ဆေးဘက်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

ကျန်းမာရေး တာဝန်ရှိသူတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ညှိနှိုင်းရေးမှူးတစ်ဉီးနဲ့ Ruam Katanyu Foundation မှ စေတနာ့ဝန်ထမ်းတွေ အပါအဝင် အဖွဲ့ဝင် ၃၀ ဉီးပါ အဆိုပါအဖွဲ့ဟာ မေလ ၂ ရက်အထိ မြန်မာနိုင်ငံမှာ အကူအညီပေးသွားမယ်လို့ ရောဂါထိန်းချုပ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Dr. Anek Mungaomklang က ပြောပါတယ်။

ဧပြီလ ၁၉ ရက်မှ ၂၄ ရက်အထိ မြေငလျင်ဘေးသင့်ပြည်သူ ၁၃၀၀ ကျော်ကို ကျန်းမာရေးစောင့် ရှောက်မှု ဆောင်ရွက်ပေးခဲ့တဲ့ ဒုတိယအသုတ် အရေးပေါ်ဆေးဘက်အဖွဲ့ဟာ စနေနေ့ ညနေပိုင်းက ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။

အခြေခံအဆောက်အအုံပျက်စီးမှုတွေနဲ့ ရာသီဉတုလိုမျိုး စိန်ခေါ်မှု အခြေအနေတွေရှိလင့်ကစား အခြေခံကျန်းမာရေး လိုအပ်ချက်တွေ ပြည့်မီခဲ့ပြီး ကူးစက်ရောဂါ ဖြစ်ပွားမှု မတွေ့ရှိခဲ့ဘူးလို့ Dr. Anek Mungaomklang က ဆိုပါတယ်။

တော်ဝင် ထိုင်းလက်နက်ကိုင်တပ်ဖွဲ့ကလည်း စနေနေ့မှာ စတုတ္ထအသုတ် ကယ်ဆယ်ရေးအဖွဲ့ ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

ကွပ်ကဲမှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ ဆက်သွယ်ရေးနဲ့ လုံခြုံရေးအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အဆိုပါ အဖွဲ့ဟာ ပြန်လည်ထူထောင်ရေးမှာ မြန်မာအာဏာပိုင်တွေကို ပံ့ပိုးကူညီဖို့နဲ့ မြေငလျင်ဘေးသင့်ပြည်သူ တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံမှာ မြေငလျင်ကြောင့် လူ ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး ၅၁၀၀ ကျော် ဒဏ်ရာရရှိကာ ၁၁၆ ဉီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post
Ref; More Thai aid workers sent to Myanmar

#Ayeyatwaddy_Times