
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
ရုရှား အကြီးတန်း စစ်ဘက်အရာရှိတစ်ဉီး သေဆုံးခဲ့တဲ့ မော်စကိုမြို့ ဆင်ခြေဖုံးဒေသ ကားဗုံး ပေါက်ကွဲမှုမှာ ပါဝင်မှုသံသယနဲ့ ယူကရိန်း အထူးတပ်ဖွဲ့ဝင်တစ်ဉီးကို ထိန်းသိမ်းခဲ့တယ်လို့ ရုရှား လုံခြုံ ရေး အာဏာပိုင်တွေက ပြောပါတယ်။
သောကြာနေ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဉီးကို ဖမ်းဆီး ခဲ့တယ်လို့ ရုရှား ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ကားဗုံးပေါက်ကွဲမှုမှာ ရုရှားစစ်တပ်၊ စစ်ဆင်ရေးဌာန ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ယာဆိုစလပ်ဗ်မော့စ်ကာလစ်ခ် သေဆုံးခဲ့ပါတယ်။
သံသယရှိသူဟာ မော်စကိုမြို့ရှိ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ တည်ထောင်ထားတဲ့ ဂိုထောင် တစ်ခုမှ ဖောက်ကွဲရေးပစ္စည်းတစ်ခု ရရှိခဲ့ပြီး မော်တော်ကားတစ်စင်းမှာ တပ်ဆင်ထားခဲ့တာလို့ FSB က ပြောပါတယ်။
ရုရှား ဒုတိယဗိုလ်ချုပ်ကြီး နေအိမ်မှ ထွက်ခွာချိန်မှာ ဖောက်ခွဲရေးပစ္စည်းကို ယူကရိန်းနိုင်ငံမှ ဖောက်ခွဲခဲ့တာလို့ FSB က ပြောပါတယ်။
သူဟာ ညွှန်ကြားချက်အရ ယခုနှစ် ဖေဖော်ဝါရီလမှာ ကားတစ်စင်း ဝယ်ယူခဲ့ပြီး ဗွီဒီယိုကင်မရာ တစ်ခုနဲ့ ဗုံးတစ်လုံးကို လျှို့ဝှက်နေရာတစ်ခုမှ ယူဆောင်ကာ ကားနောက်မှာ တပ်ဆင်ခဲ့တယ်လို့ သံသ ယရှိသူက ပြောပါတယ်။
ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံမှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း မော်စကိုမြို့တော်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ရုရှား စစ် ဘက်အရာရှိနှစ်ဉီး သေဆုံးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Russia: Ukrainian agent detained over car blast that killed Russian general
#Ayeyarwaddy_Times