ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ အရေးပါတဲ့ ဖိလစ်ပိုင် စစ် ဘက်စခန်းတစ်ခုအနီး အငြင်းပွား သောင်စွယ်တစ်ခုကို သိမ်းပိုက်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ က ဖော်ပြပါတယ်။

တရုတ်နဲ့ဖိလစ်ပိုင်ဟာ အငြင်းပွား ရေပိုင်နက်အတွင်း လနဲ့ချီကြာအောင် ထိပ်တိုက်တွေ့ဆုံမှု တွေ ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဧပြီလလယ်မှာ Sandy Cay လို့ခေါ်တဲ့ Tiexian သောင်စွယ်ကို ထိန်းချုပ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဧပြီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

မကြာသေးမီလတွေအတွင်း တရုတ်နဲ့ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်နယ် မြေ အငြင်းပွားမှုတွေကြောင့် အပြန်အလှန် အပြစ်ဖို့ခဲ့ပါတယ်။

ဖိလစ်ပိုင်တပ်ဖွဲ့ဟာ Thitu ကျွန်းပေါ်မှာ တပ်စွဲထားပြီး ဖိလစ်ပိုင်ဟာ တရုတ်ရဲ့ ကျူးကျော်တိုက် ခိုက်မှုကို တန်ပြန်ဖို့ ၂၀၂၃ ခုနှစ်မှာ အဆိုပါကျွန်းပေါ်၌ ကမ်းခြေစောင့်တပ်ဖွဲ့ စောင့်ကြည့်ရေးစခန်းတစ် ခု ဖွင့်လှစ်ခဲ့ပါတယ်။

ဧပြီလ ၂၁ ရက်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ ပထမဆုံးအကြိမ်အဖြစ် ဝေဟင်နဲ့ ဒုံးကျည်ကာ ကွယ်ရေး ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

၁၉၅၁ ခုနှစ်မှာကတည်းက တည်ရှိခဲ့တဲ့ နှစ်ဉီးနှစ်ဖက် ကာကွယ်ပေးရေးစာချုပ်ကို နှစ်နိုင်ငံစလုံး က စောင့်ထိန်းလိုက်နာမယ်လို့ အမေရိကန်ကမ်းတက်တပ်ဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဂလင်းက ပြောပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုက ဒေသတွင်း မဟာဗျူဟာမြောက် တည် ငြိမ်မှုကို ထိခိုက်စေတယ်လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး ဖိလစ်ပိုင်ဟာ ဒေသပြင်ပရှိ တိုင်းပြည်တွေနဲ့ ပူးပေါင်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ကိုးကား – AFP
Ref; China seizes disputed reef near key Philippine military outpost: Report

#Ayeyarwaddy_Times