ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့တွင် ဧပြီလ ဒုတိယပါတ်မှစတင်ပြီး စစ်ကောင်စီမှလုံခြုံရေး အင်အားတိုးမြှင့်ထားကာစစ်ဆေးရေးများတင်းကြပ်ထားကြောင်း ဒေသခံများမှထံက သိရသည်။

စစ်ကောင်စီ၏ အမှတ်(၅ )တပ်မတော်တန်းမြင့်လေ့ကျင်ရေးသင်တန်းကျောင်းမှ စစ်တပ်၊ ရဲနှင့်ပြည်သူ့စစ်များ မှ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းဆေးခြင်းနှင့် လမ်းများတွင် အထိုင်ချ ကာ စစ်ဆေးခြင်းများဆက်တိုက်လုပ်ဆောင် လာကြောင်း သိရှိရသည်။

“ညဆို ဆိုင်ကယ်တွေနဲ့ကင်းလှည့်တယ်။ လမ်းဆုံတွေမှာလည်း ညဘက်ဆို ပျူစောထိီးတွေအပါအဝင် အင်အား ၅၀လောက်က ဆိုင်ကယ်၊ ကားအကုန်တားပြီးရှာတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့တွင် ကွင်းကောက်မြို့နှင့် လေးမိုင်ခန့်အကွာတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီ၏ အဓိက သင်တန်းကျောင်းတစ်ခုဖြစ်သောအမှတ်(၅ )တပ်မတော်တန်းမြင့်လေ့ကျင်ရေးတပ် တည်ရှိနေသောကြောင့်အာရက္ခတပ်တော်AAနှင်ပူးပေါင်းတပ်များ ၀င်ရောက်တိုက်ခိုက်နိုင်သောကြောင့် ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများမှသုံးသပ်ပြောဆိုသည်။

#ကွင်းကောက်မြို့ #AAနှင့်ပူးပေါင်းတပ်များ #စစ်ကောင်စီမှလုံခြုံရေးတိုးမြှင့်ထား #Ayeyarwaddy_Times