ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်

လေနွေးနှင့် လေအေးတွေ့ဆုံမှုကြောင့် လာမည့် ဧပြီ ၂၈ ရက်မှခြောက်ရက်အတွင်း ငလျင်ဒဏ်ခံရသည့်ဒေသများအပါအဝင် ဒေသအချို့မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဧပြီ ၂၇ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်၊ အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်အပါအဝင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် လာမည့်ဧပြီ ၂၈ ရက်မှ မေ ၃ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာမည်ဖြစ်ကြောင်း မိုး/ဇလ ထံမှ သိရသည်။

ငလျင်ဒဏ် အဓိကခံရသည့်ဒေသများဖြစ်သည့် နေပြည် တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း နှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင်နေရာကွက်၍ မိုးကြီးနိုင်ကြောင်းဆိုထားသည်။

ငလျင်ဘေးကြုံတွေ့ရသည့် မန္တလေး၊ စစ်ကိုင်းမြို့ရှိ ကယ် ဆယ်ရေးစခန်းများ ယာယီတဲများဖြင့်နေထိုင်ရသဖြင့် မိုးရွာသွန်းပါက နေထိုင်ရေးအခက်အခဲများရှိကြေယင်း အဆိုပါနေရာများရှိ ဒေသခံများထံမှ သိရသည်။

ထို့ပြင် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ – မိုးဇလ၊ ဧရာဝတီတိုင်းမ်
#အချိန်အခါမဟုတ်မိုးရွာမည် #မန္တလေး #စစ်ကိုင်း #ဒေသစုံ #နေရာကွက်မိုးကြီးမည် #Ayeyarwaddy_Times