
ဧရာဝတီတိုင်းမ်
(ရေဖြူ) | ဧပြီ ၂၇ ရက်
တနင်္သာရီ တိုင်း ၊ထားဝယ်မြို့နယ် ၊ဇဟာကျေးရွာ ၊ ဇဟာဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ဇနီးမောင်နှံ နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ ဧပြီ ၂၆ ရက် နံနက် ၇ နာရီ ခန့်အချိန် ထားဝယ်မြို့နယ် ၊ ဇဟာ ဘုန်းကြီးကျောင်းဝင်းအတွင်း အလှူလုပ်နေတဲ့ အချိန် စစ်ကောင်စီရဲ့ သပြေချောင်း တပ်က လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အလှူကို လာတဲ့ ဇနီးမောင်နှံ နှစ်ဦး သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
လက်နက်ကြီး ကျည်ထိမှန်ခြင်းကြောင့်ဘုန်းကြီးကျောင်းအနီးနေထိုင်သည့် ကိုမျိုးကျော်နှင့် ဇနီးဖြစ်သူ မလေးလေး(ခေါ်) မဆွေဇင်အောင် သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
” နံနက် စောစော အလှူလုပ်နေတဲ့ အချိန်ပေါ့။ အလှူကိုသွားရင်း နဲ့ ဘုန်းကြီးကျောင်းထဲမှာဖြစ်သွားတာ။ စစ်ကောင်စီ သတင်းပေး ရှိလို့အခုလိုဖြစ်သွားတာပေါ့။ သပြေချောင်းတပ်က လက်နက်ကြီး နဲ့ပစ်တယ်။ ပထမတစ်လုံး ပစ်တဲ့အချိန် မလေးလေး ဦးခေါင်းကိုထိပြီး အခင်းစဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ ကိုမျိုးကျော်ကတော့ ဝမ်းဗိုက်မှာထိတယ်။ အူတောင် အပြင်ကိုထွက်ကျတယ်။ ဆေးရုံရောက်မှ ဆုံးသွားတာပါ”ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးသွားသည့် ဇနီးမောင်နှံနှစ်ဦး၏ အလောင်းကို ဆေးရုံတွင် စစ်ဆေးပြီးနောက် နေအိမ်သို့ ပြန်လည်သယ်ယူလာကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဇဟာကျောင်းကြီးတွင် သီတင်းသုံးနေသည့် အသက်ကြီးပိုင်း ရဟန်းနှစ်ပါး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရခြင်းမရှိကြောင်း ဒေသခံ များက ဆိုသည်။
“လက်နက်ကြီးစထိမှန်တဲ့ ရဟန်းနှစ်ပါးက အသက်ကြီးပိုင်းတွေလေ။ တစ်ပါးက ဒဏ်ရာနည်းတော့ ဆေးရုံကို မတင်ရဘူး။နောက်တစ်ပါးက ဒဏ်ရာနည်းနည်းများတော့ ဆေးရုံတင်လိုက်ရတယ်။ လက်ရှိ အချိန်အထိဆေးကုသမှုခံယူနေရတယ်” ဟု ဇဟာရွာ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ် ကိုပြောသည်။
ဇဟာရွာနှင့် ၂ မိုင်ကျော်ခန့်အကွာ မောင်မယ်ရှောင်ရွာ အနီးရှိ ဒေသအခေါ်ဟားလီးကွေ့ ထားဝယ်-ရေဖြူလမ်းပိုင်းတွင် ယနေ့ နံနက်စောစော ပိုင်းက စစ်ကောင်စီတပ် နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။
ပုံစာ ၊ လက်နက်ကြီး ကျည်ထိမှန် လို့ သေဆုံးသူ ဇနီးမောင် နှံ နှစ်ဦး
#ထားဝယ်မြို့နယ် #ဇဟာဘုန်းကြီးကျောင်းဝင်း #အလှူလုပ်နေစဉ် #စစ်ကောင်စီတပ် #လက်နက်ကြီးဖြင့်ပစ်ခတ် #ဇနီးမောင်နှံ၂ဦးသေဆုံး #Ayeyarwaddy_Time