
ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက် တာဝန်ယူမယ်လို့ ရာထူးမှရပ်ဆိုင်းခံရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ပြော
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်
ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူမယ်လို့ ရာထူးမှရပ်ဆိုင်းခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လူမှုကွန်ရက်မှာ ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ပရာယွတ်ရဲ့ ရာထူးသက်တမ်းကို သုံးသပ်နေစဉ် ဝန်ကြီးချုပ် ရဲ့ တာဝန်တွေကိုဆိုင်းငံ့ဖို့ ညွှန်ကြားပြီးတဲ့နောက် ပြည်သူလူထုသို့ပြောကြားတဲ့ မိန့်ခွန်းတစ်ခုအတွင်း သူက ပြော ကြားခဲ့တာပါ။
ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝန်ဆုဝန်က အရှေ့တောင်အာရှဒေသရဲ့ ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ် တဲ့ ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေပါတယ်။
“ပြည်သူတွေနဲ့ ထိုင်းနိုင်ငံအတွက် ကာကွယ်ရေးဝန်ကြီးအဖြစ် ကျွန်တော့်ရဲ့ တာဝန်တွေကို ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ယမန်နေ့နှောင်းပိုင်းက တွစ်တာလူမှုကွန်ရက်မှာ ပရာယွတ်က ရေးသားခဲ့ပါတယ်။
၂၀၁၄ ခုနှစ် အာဏာသိမ်းမှုပြီးနောက် အာဏာရရှိလာခဲ့တဲ့ ပရာယွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းကျော်လွန် မှုကို သုံးသပ်ဖို့ အတိုက်အခံပါတီရဲ့ အသနားခံတင်ပြမှုကို ခုံရုံးက လက်ခံခဲ့ပြီး ရာထူးကနေ ဆိုင်းငံ့ခဲ့ပါတယ်။
သုံးသပ်ချက်နဲ့ပတ်သက်လို့ ခုံရုံးက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခြင်း ရှိ မရှိဆိုတာတော့ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။
ပရာယွတ်ရဲ့ ရာထူးသက်တမ်းကန့်သတ်မှုက အာဏာသိမ်းမှုနှစ်ကြိမ်ကြောင့် အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့မှု အပါအဝင် ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း နိုင်ငံရေး ကစဉ့်ကလျားအခြေအနေပဲဖြစ်ပါတယ်။
အစိုးရအဖွဲ့ကတော့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်နေတယ်လို့ အစိုးရအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်ဆရီက ဒီကနေ့ ပြောပါတယ်။
ကိုးကား – Reuters
Ref; Suspended Thai PM Prayuth says to continue as defence minister