ဒီမော့ဆိုမြို့နယ် ၊ငွေတောင်ရွာသစ် ကျေးရွာ အနီး နှစ်ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၆ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ငွေတောင်ရွာသစ် ကျေးရွာအနီးတစ်ဝိုက်၌ ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု KRU နှင့် DMO – PDF ဗျုဟာ(၃)တို့နှင့် စစ်ကောင်စီတပ်များအကြား သြဂုတ်လ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့များတွင် နှစ်ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း KRU ၏

ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် အင်အား၂၀၀ ကျော်ခန့်ဖြင့် အလုံးအရင်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီ တပ်တို့နှင့် ညနေ ၄ နာရီ ၁၅ မိနစ်

၌ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်မှ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင်လည်း ကယား (ကရင်)နီတော်လှန်ရေးတပ်ပေါင်းစု KRU နှင့် မဟာမိတ် DMO – PDF ဗျုဟာ(၃)တို့ပူးပေါင်း၍၂၀မိနစ်ခန့်ထိ ထပ်မံ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အထိနာပြီး အထိအခိုက်အကျအဆုံးအတည်ပြု မရနိုင်သေးကြောင်း KRU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နှစ်ရက်တာ တိုက်ပွဲများအတွင်း ကယား (ကရင်)နီတော်လှန်ရေးတပ်ပေါင်းစု KRU နှင့် မဟာမိတ် DMO – PDF ဗျုဟာ(၃)တို့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသော အနီးတစ်ဝိုက် ရွာများ ရှိ ရွာသူ၊ ရွာသားများအနေဖြင့် အချိန်မရွေး တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ရွေ့‌ပြောင်းနေထိုင်ကြပါရန် အသိပေးထုတ်​ပြန်ထားသည်။

ဓာတ်ပုံ – KRU

#Ayeyarwaddy_Times