
ဗြိတိန်က စစ်ကောင်စီနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို ဒဏ်ခတ်အရေးယူ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု တရားစွဲဆိုမှုမှာ ပူးပေါင်းဖို့ ဗြိ တိန်အစိုးရက ကြေညာလိုက်ပါတယ်။
“မြန်မာစစ်တပ်က ဆယ်စုနှစ်ချီ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခွင့်ရခဲ့ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ နောက်တစ်ကြိမ် အာဏာသိမ်းခွင့်ရရှိခဲ့ပါတယ်။ ဗြိတိန်အစိုးရက နောက်ဆုံးတော့ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ် ဖြတ်မှုမှာ ပူးပေါင်းလာခဲ့ပါပြီ။ ဗြိတိန်အစိုးရက အရေးပါတဲ့ အရင်းအမြစ်တွေ ပံ့ပိုးမှာဖြစ်ပြီး အရေးပါတဲ့ နိုင်ငံရေး သတင်းစကားတစ်ခု
ပါးလိုက်တာဖြစ်ပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောပါတယ်။
နိုင်ငံတကာဥပဒေ အထူးသဖြင့် တိုင်းရင်သားလူနည်းစုတွေအပေါ် ချိုးဖောက်မှုတွေကို မှတ်တမ်းတင် ထားတာတွေရှိပေမယ့် မြန်မာစစ်တပ်က ဆယ်စုနှစ်ချီ သက်ညှာခွင့်ရရှိခဲ့ပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးဖို့ နိုင်ငံတကာတရားရုံး (ICJ) က ညွှန်ကြားခဲ့တဲ့ ကြားဖြတ်အစီအမံ တွေကို မြန်မာစစ်တပ်က လျစ်လျှူရှုနေဆဲဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ လက်တွဲဆောင်ရွက်နေပြီး ငွေကြေးနဲ့ လက်နက်တွေရရှိဖို့ ကူညီနေတဲ့ စီးပွားရေးလုပ် ငန်းသုံးခုအပေါ် ဗြိတိန်အစိုးရရဲ့ ဒဏ်ခတ်အရေးယူမှုသစ်တွေ ချမှတ်တာကိုလည်း Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။
အဲဒီစီးပွားရေးလုပ်ငန်းတွေကတော့ Star Sapphire Group of Companies၊ International Gateways Group of Companies Limited (IGG) နဲ့ Sky One Construction Co Ltd တို့ဖြစ်ပါတယ်။
ကုလသမဂ္ဂ တရားရုံးဖြစ်တဲ့ ICJ ရဲ့ ကြားဖြတ်အစီအမံတွေ အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက် မှု ရှိ မရှိ ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကျင်းပဖို့ Burma Campaign UK က ဗြိတိန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကိုးကား – Burma Campaign UK
Ref; Burma Campaign UK Welcomes British Government Joining ICJ Rohingya Genocide Case