
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
ယူကရိန်းနိုင်ငံဟာ အင်အားသုံးပြီး ခရိုင်းမီးယားဒေသကို ပြန်ထိန်းချုပ်နိုင်ဖို့ လုံလောက်တဲ့ လက်နက်တွေ မရှိဘူးဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အမြင်ကို သဘောတူတယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဇီလန်စကီးဟာ သောကြာနေ့က ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၁၂ ဉီး သေဆုံးခဲ့ ရာ ကိယက်ဗ်မြို့တော်ရှိ လူနေဧရိယာတစ်ခုမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
သူဟာ အခြားတိုင်းပြည်များမှ ယူကရိန်းနိုင်ငံဆိုင်ရာ သံအမတ်တွေနဲ့အတူ အဆိုပါဧရိယာကို သွားရောက်ကာ လွမ်းသူ့ပန်းခွေတွေ ချခဲ့ပါတယ်။
ခရိုင်းမီးယား အပါအဝင် ရုရှားနိုင်ငံက သိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေတွေဟာ ယာယီ သိမ်း ပိုက်ခံရတာဖြစ်ပြီး ယူကရိန်းနိုင်ငံက ပိုင်ဆိုင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
သူ့ရဲ့ရပ်တည်ချက်ဟာ ယူကရိန်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာဥပဒေကို အခြေခံ တဲ့ တရားဝင် ရပ်တည်ချက်ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ရရှိပြီးမှသာ ပိုင်နက်နယ်မြေကိစ္စရပ်တွေကို ဆွေးနွေးဖို့ ဒဏ် ခတ်ပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးဖိအားတွေ အသုံးချနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အမေရိကန်အစိုးရက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးစီမံချက်မှာ ရုရှားက ၂၀၁၄ ခုနှစ်မှာ တစ်ဖက် သတ် သိမ်းပိုက်ထားတဲ့ မော်စကိုထိန်းချုပ် ခရိုင်းမီးယားကို အမေရိကန်နိုင်ငံက အသိအမှတ်ပြုတာ ပါ ဝင်တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံရဲ့ အဆိုပြုချက်ဟာ ရုရှားနိုင်ငံကို ဘက်လိုက်မှုရှိနေတယ်လို့ လေ့လာသူအချို့ က ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy affirms Ukraine’s weapons insufficient to retake Crimea by force
#Ayeyarwaddy_Times