ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသမှာ လူ ၂၆ ဉီး သတ်ဖြတ်ခံရမှုအပေါ် အိန္ဒိယက ပြင်းထန် စွာ လက်တုံ့ပြန်ပြီးနောက် တန်ပြန်အရေးယူမယ့် အစီအမံတွေ ပါကစ္စတန်နိုင်ငံက ကြေညာလိုက်ပါ တယ်။

အင်္ဂါနေ့က ဂျန်မူးနဲ့ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေက ကမ္ဘာလှည့်ခရီးသွားတွေကို ပစ်ခတ်ခဲ့တာပါ။ ပါကစ္စတန် အစ္စလာမ္မစ် အစွန်းရောက်တွေနဲ့ပတ်သက်တဲ့ အဖွဲ့တစ်ဖွဲ့က ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

သေနတ်သမားနှစ်ဉီးဟာ ပါကစ္စတန်တွေဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံကို အရေးယူမယ့် အစီအမံတွေဆုံးဖြတ်မယ့် အမျိုးသားလုံခြုံရေးကော်မတီ အစည်း အဝေးကို ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ်ရှရက်ဖ်က ဉီးဆောင်ကျင်းပခဲ့ပါတယ်။

အိန္ဒိယ စစ်ဘက်အကြံပေးတွေကို နှင်ထုတ်ယုံသာမက အိန္ဒိယလေကြောင်းလိုင်းအားလုံး ပါ ကစ္စတန်လေပိုင်နက် အသုံးပြုခွင့်မရှိအောင် ပိတ်ပင်မယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံက အိန္ဒိယနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။

ပါကစ္စတန်အစိုးရက အိန္ဒိယရဲ့လုပ်ရပ်ကို ထုတ်ပြန်ချက်တစ်ခုအတွင်း ရှုတ်ချခဲ့ပြီး နိုင်ငံရေးအရ အမြတ်ထုတ်တာဖြစ်သလို တာဝန်မဲ့လွန်းတယ်လို့ ဆိုပါတယ်။

ကိုးကား – NHK
Ref; Pakistan announces retaliatory measures against India

#Ayeyarwaddy_Times