ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ မှစတင်ပြီး ပူးပေါင်း တပ်များနှင့်စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီးနောက် စစ်ကောင်စီတပ်အတွက် ထမင်းပို့ရန်ကျေးရွာများကို ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို ထမင်းပို့ရန်အတွက် ကျေးရွာများကိုအလှည့်ကျ ငွေကောက်ခံနေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူများက သတ်မှတ်သည့်ငွေကို မဖြစ်မနေထည့်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ရွာကို ခု၂၁ရက်နေ့က ထမင်းပို့ဖို့ အလှည့်ကျတယ်လို့ ပြောတယ်။ ​အိမ်ခြေ ၄၅၀ကျော်ရှိတာ တစ်အိမ်သုံးထောင်ထည့်လိုက်ရတယ် “ဟု ကညင်သောင်ကျေးရွာအုပ်စုတွင် နေထိုင်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသော လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီတပ်သား အင်အား ၄၀၀ခန့်ရှိပြီး ရိက္ခာလုံလောက်မှုမရှိသောကြောင့် ယခုကဲ့သို့ ကျေးရွာများမှ ထမင်းနှင့်ရိက္ခာများ ပေးရန် အတင်းအဓမ္မတောင်းခံနေခြင်းဖြစ်ကြောင်း
သိရသည်။

ကျေးရွာ ဒေသခံအများစုသည် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ လယ်ယာလုပ်ငန်းများရပ််ဆိုင်းထားရခြင်းတို့ကြောင့် ငွေကြေးအခက်အခဲများဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ရန် အတင်းအဓမ္မဖိအားပေး တောင်းခံနေခြင်းဖြစ်သည်။

#လေးမျက်နှာမြို့နယ် #ကျေးရွာများစစ်ကောင်စီတပ်အတွက် #အလှည့်ကျထမင်းပို့ခိုင်း #Ayeyarwaddy_Times