ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

သမ္မတဟောင် မွန်ဂျေအင်ကို အဂတိလိုက်စားမှု စွဲချက်တွေနဲ့ စွဲချက်တင်ခဲ့တယ်လို့ တောင်ကိုရီး ယား အစိုးရရှေ့နေတွေက ပြောပါတယ်။

မွန်ဂျေအင်ဟာ ၂၀၁၈ ခုနှစ်မှ နှစ်နှစ်ခွဲကျော်ကာလအတွင်း လွှတ်တော်အမတ်ဟောင်းတစ်ဉီး တည်ထောင်တဲ့ လေကြောင်းကုမ္ပဏီထံမှ ဒေါ်လာ ၁၄၇၀၀၀ နဲ့ညီမျှတဲ့ ဝမ် သန်း ၂၁၀ ကျော် လက်ခံခဲ့ တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ဆိုပါတယ်။

မွန်ဂျေအင်ဟာ လစာ၊ လေကြောင်းကုမ္ပဏီမှာ အမှုဆောင်တစ်ဉီးအဖြစ် ခန့်အပ်ခံထားရတဲ့ သ မီးဖြစ်သူရဲ့ ခင်ပွန်းဟောင်းအတွက် ငွေပေးချေတဲ့ပုံစံနဲ့ လာဘ်ငွေတွေကို လက်ခံခဲ့တာလို့ ၎င်းတို့က ပြောပါတယ်။

လေကြောင်းကုမ္ပဏီထူထောင်တဲ့ လွှတ်တော်အမတ်ဟောင်းကိုလည်း လာဘ်စားမှုစွဲချက်တွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ မွန်ဂျေအင်းလက်ထက်မှာ လွှတ်တော်အမတ်ဟောင်းကို အစိုးရအေဂျင်စီတစ်ခုရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ဆိုပါတယ်။

မွန်ဂျေအင်အစိုးရက မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေ တိုးမြှင့်လုပ် ဆောင်နေချိန်မှာ စင်းလုံးငှား လေယာဉ်ခရီးစဉ်တေွ ငှားရမ်းစေခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့ နေတွေက ပြောပါတယ်။

မွန်ဂျေအင်ရဲ့ သမီးနဲ့ ခင်ပွန်းဟောင်းတို့ကို စွဲချက်မတင်ခဲ့ပေမယ့် ဆိုင်းငံ့ တရားစွဲဆိုမှု ပြုလုပ် ခဲ့ပါတယ်။

အရပ်ဘက်အဖွဲ့တစ်ခုရဲ့ တိုင်ကြားမှုကို လက်ခံရရှိပြီးနောက် အစိုးရရှေ့နေတွေဟာ ၂၀၂၁ ခုနှစ် မှာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်ခဲ့ပါတယ်။ မေးခွန်းမေးမြန်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မွန်ဂျေအင် က ငြင်းဆန်ခဲ့တယ်လို့ ၎င်းတို့က ပြောပါတယ်။

မွန်ဂျေအင်ရဲ့ သမ္မတသက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးခဲ့ပြီး အတိုက်အခံ ကိုရီးယား ဒီမိုက ရက်တစ်ပါတီထဲမှာ သူ့ကို ထောက်ခံသူတွေ များစွာ ရှိနေပါသေးတယ်။

ကိုးကား – NHK
Ref; Former South Korean President Moon Jae-in indicted for bribery

#Ayeyarwaddy_Times