ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ် ၇၀၀ ပြည့်အထိမ်းအမှတ်ကစားကွင်းတွင် မလေးရှားနိုင်ငံ၏ ယာယီဆေးရုံဖွင့်လှစ်လျက်ရှိပြီး သောကြာနေ့တိုင်းဆေးရုံပိတ်ကြောင်း မလေးရှားသံရုံးက ယနေ့ ဧပြီ ၂၅ ရက်တွင် အသိပေးကြေညာထားသည်။

အများပြည်သူများအနေဖြင့် မလေးရှားနိုင်ငံ၏ ယာယီဆေးရုံတွင် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်း အခမဲ့ဆေးကုသမှုခံယူနိုင်ပြီး သောကြောနေ့တိုင်း ဆေးရုံပိတ်ကြောင်း သိရသည်။

ရောဂါကုသမှုများအနေဖြင့် သားဖွားနှင့်မီးယပ်၊ ဖျားနာ၊ ခွဲစိတ်ကုသ၊ အရိုးအကြော၊ ကလေးကျန်းမာ၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် မျက်စိရောဂါဝေဒနာများကို အခမဲ့ကုသပေးနေ ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မတ် ၂၈ က စစ်ကိုင်း အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြန်မာနိုင်ငံသို့လာရောက်၍ ယာယီဆေးရုံများဖွင့်လှစ်၍ ငလျင်ဒဏ်ခံ ပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ကိုင်းတိုင်း #ယာယီဆေးရုံဖွင့် #မလေးရှားနိုင်ငံ #Ayeyarwaddy_Times