ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်

စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရရှိဖို့ စေ့စပ်ညှိနှိုင်းရာမှာ ရုရှားနိုင်ငံထက် ယူကရိန်း သမ္မတ ဇီလန်စကီးနဲ့ ထိတွေ့ဆက်ဆံရတာ ပိုခက်ခဲခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ရုရှားနိုင်ငံက စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိနေပြီလို့ သူထင်ကြောင်း ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရုရှားနိုင်ငံနဲ့ သဘောတူညီချက်တစ်ရပ်ရပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ ဇီလန် စကီးနဲ့ သဘောတူညီမှုရရှိအောင် လုပ်ရပါမယ်” လို့ ၎င်းက ဆိုပါတယ်။

ဇီလန်စကီးနဲ့ ထိတွေ့ဆက်ဆံရတာ လွယ်ကူမယ်လို့ ထင်မြင်ပြီး လက်ရှိအချိန်ထိတော့ ဇီလန်စ ကီးနဲ့ ထိတွေ့ဆက်ဆံရတာ ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။

ယူကရိန်းနိုင်ငံက ခရိုင်းမီးယားဒေသ ကျူးကျော်သိမ်းပိုက်မှုအား အသိအမှတ်မပြုဘူးဆိုတဲ့ မှတ် ချက်စကားကို လူမှုကွန်ရက်ပေါ် ရေးသားခဲ့တဲ့ ဇီလန်စကီးကို ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ ဝေဖန်ခဲ့ ပါတယ်။

အဆိုပါမှတ်ချက်ဟာ ရုရှားနိုင်ငံနဲ့ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ အလွန် အန္တရာယ်ရှိတယ် လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရက ယူကရိန်း တာဝန်ရှိသူတွေထံ တင်ပြခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်မှာ ခ ရိုင်းမီးယားဒေသအား ရုရှားထိန်းချုပ်မှုကို အမေရိကန်က အသိအမှတ်ပြုမှုနဲ့ ယူကရိန်းနိုင်ငံက နေတိုး အဖွဲ့ဝင်မဖြစ်ရေး ကတိကဝတ်တစ်ခု ပါဝင်တယ်လို့ အမေရိကန်သတင်းဌာန Axios က ဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ဟာ ဇီလန်စကီးရဲ့ လိုက်လျှောချက်တွေ လိုအပ်မှာဖြစ်ပြီး အဆိုပါ အဆိုပြုချက်ဟာ ရုရှားကို အလွန် ဘက်လိုက်တယ်လို့ ယူကရိန်းအစိုးရက ရှုမြင်ကြောင်း သတင်းက ဆို ပါတယ်။

ကိုးကား – NHK
Ref; Trump: Ukraine is harder to deal with than Russia

#Ayeyarwaddy_Times