ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်

ထိရှလွယ်တဲ့ ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် မောင်းနှင်ခဲ့တဲ့ အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်းကို စောင့်ကြည့်ပြီး သတိပေးဖို့ ရေတပ်နဲ့လေတပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ တ ရုတ်စစ်တပ်က ဧပြီလ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

မဟာမိတ်တိုင်းပြည်တွေမှ စစ်သင်္ဘောတွေ ဝန်းရံလိုက်ပါတဲ့ အမေရိကန်ရေတပ်ဟာ တစ်လမှာ တစ်ကြိမ်ခန့် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်လေ့ရှိပါတယ်။

တရုတ်နိုင်ငံဟာ ဒီလအစောပိုင်းက ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ ရာ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၂၃ ရက်က ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားတဲ့ အမေရိကန် ပဲ့ထိန်းဒုံး ကျည်တပ် ဖျက်သင်္ဘောဟာ USS William P. Lawrence ဖြစ်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

“အမေရိကန်နိုင်ငံရဲ့မှတ်ချက်ဟာ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပြည်သူလူထုကို စိတ် ရှုပ်စေခဲ့တယ်” လို့ တရုတ်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေတာ ရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုရှိရေး လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်တို့ အမေရိကန်နိုင်ငံကို တိုက်တွန်းပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဖေဖော်ဝါရီလအတွင်း ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် နောက်ဆုံးအကြိမ် ဖြတ်သန်းမောင်းနှင် ခဲ့တာလို့ အမေရိကန်ရေတပ်က ကြေညာခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China military says it monitored US warship in Taiwan Strait

#Ayeyarwaddy_Times