ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၄ ရက်

တနင်္သာရီ တိုင်း ၊ ထားဝယ်မြို့ ၊ ထားဝယ်မြစ်ကြောင်းအတွင်း သွားလာနေသည့် ရေယာဥ်များလုံခြံရေးအရ စစ်ဆေးရင် ကြည်ဖြူစွာ လိုက်နာပေးကြရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီ ၂၃ ရက် နေ့ မှ စပြီး ထားဝယ်မြစ်ကြောင်း အတွင်းသွားလာလှုပ်ရှားနေသည့် မည်သည့် ယာဥ်အမျိုးအစားမဆို ပြည်သူ့ကာကွယ်ရေးတပ်များက လိုအပ်ချက်အရ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပါက ကြည်ဖြူစွာ စစ်ဆေးခံ လိုက်နာပေးကြ ရန် အသိပေးတောင်းဆိုထားသည်။

” အခုက ထား၀ယ်မြစ်ကြောင်းထဲ မှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ အရပ်သားပြည်သူလှေ နဲ့ ရန်သူလှေတွေ ရှုပ်ယှက်ခတ်သွားလာနေကြတယ်ဗျ။ ပြီးတော့ရန်သူအသွားအလာရှိနေတော့ ကျွန်တော်တို့ကအချိန်မရွေးတိုက်ပွဲထဖြစ်နိုင်တယ်လေ ။ထုတ်ပြန်စာထုတ်ပြီးဘယ်လောက်မှမကြာဘူး ရေကြောင်းထဲ နှစ်ဖက်ထိတွေ့မှုဖြစ်တာပဲ။ လက်ရှိအခြေအနေကဒီလိုဖြစ်နေတယ်ဗျ။ အဲဒီတော့ အရပ်သားပြည်သူလှေတွေဆိုပြီးလည်း လွှတ်ထားလို့မရဘူး။ ရန်သူကတက်လိုက်လာနိုင်တာ။ အခုကရေကြောင်းကနေခရီးသည်ယာဉ်တွေပြေးဆွဲလာတာအများကြီးပဲ။ ဒီကြားထဲမှာ ရန်သူကအဲဒီယာဉ်တွေကိုကာဗာယူပြီးသွားလာနေကြတယ်။ အဓိကတော့အဲဒီမြစ်ကြောင်းတ‌လျှောက်လုံးမှာ ကျွန်တော်တို့နဲ့တွေ့လို့ အစစ်ဆေးမခံပဲမောင်းပြေးတာတွေရှိတယ်။ အဲဒါကြောင့်ထုတ်ပြန်ချက်ထုတ်ရတာဖြစ်တယ် ။မောင်းပြေးရင်တော့ ကျွန်တော်တို့ကရန်သူလို့သတ်မှတ်ရမှာဖြစ်တယ်”ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ရှဲဒိုးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထိုကြောင့် ထားဝယ်မြစ်ကြောင်း အတွင်းသွားလာနေသည့် မည်သည့် ရေယာဥ်အမျိုးအစားမဆို တော်လှန်ရေး ရဲဘော်များမှ လိုအပ်ချက်အရ ရှောင်တခင်ဖြစ်စေ အစဉ်တစိုက်ဖြစ်စေ အချိန်မရွေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) ကဆိုသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုများအား ထားဝယ်မြစ်ကြောင်း အတွင်းသွားလာနေတဲ့ ရေယာဥ် များအနေဖြင့် ကြည်ဖြူစွာလက်ခံကြရန် နှင့် အစစ်ဆေးမခံပဲ ဖြတ်သန်းသွားလာမည်ဆိုပါက စစ်ရေးအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ) ထံမှ သိရသည်။

ဓာတ်ပုံ ၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)
#ထားဝယ်မြစ်ကြောင်း #သွားလာ #ရေယာဥ်များ #စစ်ဆေး #လိုက်နာပေးရန် #လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်အသိပေး #Ayeyarwaddy_Times