
ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့ပေါ်ရှိ ဆန်၊ ပဲနှင့် အိမ်ဆောက်ပစ္စည်း ပွဲရုံပိုင်ရှင်အချို့ကို တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ပံ့နေသည်ဟုစွပ်စွဲကာ ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။
ငါးသိုင်းချောင်းမြို့ပေါ်ရှိ နံမည်ကြီးလုပ်ငန်းရှင်များကို ဧပြီ ၂၀ ရက်နေ့က နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လုပ်ငန်းရှင်ဆယ်ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်းသိရသည်။
“ညဘက်ကြီး၀င်ဖမ်းတာ နှစ်ရက်တိုက်ပဲ။ မြို့မှာ အဓိကရောင်းချနေတဲ့ပွဲရုံပိုင်ရှင်တွေအကုန်ပါသွားတယ် ထောက်ပို့ဆိုပြီးဖမ်းတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးထားသူများကို ရေကြည်မြို့မရဲစခန်းတွင် စစ်ဆေးနေပြီး ယနေ့အချိန်ထိ မိသားစုနှင့် ဆက်သွယ်ခွင့်မရကြောင်း သိရသည်။
ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
#ငသိုင်းချောင်းမြို့ #ပွဲရုံပိုင်ရှင်အချို့အား #PDF #ထောက်ပံ့သည်ဟုဆိုကာ #စစ်ကောင်စီမှဖမ်းဆီးထား #Ayeyarwaddy_Times