
ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
ယူကရိန်းနိုင်ငံကို ကမ်းလှမ်းတဲ့ အမေရိကန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို စိတ်ကျေနပ်ပြီး ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် မဖြစ်သင့်ဘူးဆိုတဲ့ ရုရှားရဲ့ရပ်တည်ချက်နဲ့ ကိုက်ညီတယ်လို့ သတင်းထောက်တစ်ဉီးရဲ့ မေးမြန်းချက်ကို ၎င်းက ဖြေကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရက ရုရှားရဲ့ ခရိုင်းမီးယား ကျူးကျော်သိမ်းပိုက်မှုကို အသိအမှတ်ပြုဖို့ အဆိုပြုခဲ့တယ်လို့ The Wall Street ဂျာနယ်က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းဟာ ပဋိပက္ခအဆုံးသတ်မယ့် သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။
သမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားနိုင်ငံဟာ ငြိမ်းချမ်းသော အဖြေရှာဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး အမေ ရိကန်နိုင်ငံနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။
အီစတာပွဲတော် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ယူကရိန်းနိုင်ငံရဲ့ တိုက်ခိုက်မှုတွေ ယေဘု ယျအားဖြင့် လျှော့နည်းသွားခဲ့တယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံက ထိုအချက်ကို ကြိုဆိုပြီး အနာဂတ်ကို မျှော်ကိုးပြီး လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ် လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Russia welcomes US peace proposal reportedly made to Ukraine
#Ayeyarwaddy_Times