ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

မြေငလျင်ဘေးသင့် မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံတစ်ခု တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လုပ်မယ်လို့ စီမံကိန်းကိုဉီးဆောင်တဲ့ ရုရှားနိုင်ငံပိုင်ကော်ပိုရေးရှင်း Rosatom က ပြောပါတယ်။

မြန်မာစစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ အသေး စား နျူကလီးယားစက်ရုံတစ်ရုံ တည်ဆောက်မယ့် သဘောတူညီချက်ကို ပြီးခဲ့တဲ့လက လက်မှတ်ရေး ထိုးခဲ့ပါတယ်။

“မကြာသေးမီက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံ တည် ဆောက်မယ့် Rosatom ရဲ့ အစီအစဉ်တွေကို မထိခိုက်စေခဲ့ပါဘူး” လို့ အဆိုပါကုမ္ပဏီက ပြောပါတယ်။

Rosatom ဟာ မြေငလျင်ဒဏ်ခံနိုင်ရေး လိုအပ်ချက်တွေ အပါအဝင် အမြင့်မားဆုံးသော နိုင်ငံတ ကာ ဘေးကင်းလုံခြုံရေး စံနှုန်းတွေကို လိုက်နာပါတယ်လို့ ယင်းကုမ္ပဏီက ဆိုပါတယ်။

မြေငလျင်ဘေးဒဏ် ကြီးမားစွာ ခံခဲ့ရတဲ့ နေပြည်တော်မှာ နျူကလီးယားစက်ရုံတစ်ခု တည် ဆောက်နိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို အနီးကပ် စောင့်ကြည့်နေတဲ့ ထိုင်းအာ ဏာပိုင်တွေက ပြောပါတယ်။

နျူကလီးယားစက်ရုံ တည်ဆောက်နိုင်တဲ့ အခြားနေရာနှစ်ခုမှာ ပဲခူးတိုင်းဒေသကြီး၊ စစ်ကောင် စီနဲ့ရုရှားတို့က ဆိပ်ကမ်းတစ်ခု၊ ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်မယ့် မြန်မာနိုင်ငံတောင်ပိုင်းရှိ ထား ဝယ် အထူးစီးပွားရေးဇုန်တို့ ပါဝင်တယ်လို့ ထိုင်းနိုင်ငံရဲ့ အကဲဖြတ်ချက်အရ သိရပါတယ်။

ဘယ်လို နောက်ဆက်တွဲဆိုးကျိုးနဲ့ နည်းပညာကို ကြိုမသိနိုင်ဘူးလို့ ဗန်ကောက်မြို့ရှိ ချူလာ လောင်ကွန်တက္ကသိုလ်၊ နျူကလီးယားအင်ဂျင်နီယာဌာနမှ ကထိက ဝေါင်ဆာဝမ်က ပြောပါတယ်။

“နျူကလီးယားစွမ်းအင်က အလွန် အကုန်အကျများတာကြောင့် မြန်မာနိုင်ငံက လွယ်လွယ် မ တတ်နိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Russia’s Rosatom says will proceed with Myanmar nuclear plant despite quake

#Ayeyarwaddy_Times