
ကာကွယ်ရေးဝန်ကြီးက စစ်ရေးအချက်အလက်တွေကို မိသားစုထံ မျှဝေခဲ့ဟု ကန်မီဒီယာ ဖော်ပြ
ဧရာဝတီတိုင်းမ်
ဧပြီလ ၂၂ ရက်
ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ လူမှုကွန်ရက် အပလီကေးရှင်း Signal ကို အသုံးပြုပြီး အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သူ့ရဲ့ဇနီး၊ ညီနဲ့ အ ခြားသူတွေထံ မျှဝေခဲ့တယ်လို့ အမေရိကန် ထိပ်တန်းသတင်းစာ The New York Times က ဖော်ပြ လိုက်ပါတယ်။
Pete Hegseth က စစ်ဆင်ရေးတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖလှယ်ဖို့ Signal ကို အသုံးပြု ခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The New York Times က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါ တယ်။ Signal Group မှာ သူ့ရဲ့ဇနီး၊ ညီနဲ့ ရှေ့နေအပါအဝင် လူပုဂ္ဂိုလ် ၁၀ ဉီးကျော် ပါဝင်တယ်လို့ သိရ ပါတယ်။
မတ်လအတွင်း ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေကို လေကြောင်းတိုက်ခိုက်ဖို့ FA-18 Hornets ဂျက် တိုက်လေယာဉ်တွေ ပျံသန်းမယ့်အစီအစဉ် အသေးစိတ်တွေကို Signal မှာ မျှဝေခဲ့တာလို့ The New York Times က ဆိုပါတယ်။
Pete Hegseth က Signal ကို သူ့ရဲ့ ကိုယ်ပိုင်မိုဘိုင်းဖုန်းထဲမှာ အသုံးပြုတာဖြစ်ပြီး သူ့ရဲ့ညီနဲ့ရှေ့ နေဟာ လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတာလို့ The New York Times က ရေး သားထားပါတယ်။
Pete Hegseth က စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မည်သူ့ကိုမှ မျှ ဝေစရာမရှိဘူးလို့ The New York Times က ဆိုပါတယ်။
ဖြစ်စဉ်ကြောင့် Pete Hegseth ရဲ့ လုံခြုံရေးဆိုင်ရာ ကျင့်ဝတ်တွေ လိုက်နာစောင့်ထိန်းမှုကို မေး မြန်းစရာတွေဖြစ်စေတယ်လို့ The New York Times က ပြောပါတယ်။
ကိုးကား – NHK
Ref; US media: Defense secretary shared military information with family
#Ayeyarwaddy_Times