
ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင်စုဆောင်းထားရှိသောလူငယ်များကို ပြည့်သူစစ်မှုထမ်းအမှတ်စဉ် ၁၂ အဖြစ် ဧပြီ ၂၀ ရက်က သင်တန်းများသို့ စတင်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
အဓမ္မစုဆောင်းထားသည့် လူငယ် ၂၀၀ ခန့်ကို ဧရာ၀တီ ၊ရန်ကုန်၊ ပဲခူး စသည့် စစ်သင်တန်းကျောင်းများသို့ စစ်ကောင်စီမှလုံခြုံရေးယူကာ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
“အကြောင်းမကြားပဲ အုပ်ချုပ်ရေးမှူးတွေ ခေါ်ထားတဲ့သူတွေရယ် ငွေယူပြီးလိုက်တဲ့သူတွေ လဲများတယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သင်တန်းတက်ရောက်မည့်သူများကို ဧရာ၀တီတိုင်း၀န်ကြီးချုပ်နှင့် စစ်တိုင်းမှူးမှ လာရောက်တွေ့ဆုံကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။
စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ရှေ့တန်းသို့ပို့ဆောင်ရာတွင် သေဆုံးမှုများလာသဖြင့် စစ်သားစုဆောင်းရာတွင် ထွက်ပြေး
တိမ်းရှောင်လာသောကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် အကြောင်းမကြားပဲ ခေါ်ယူခံရသူများနှင့် ငွေယူပြီးလူစားထိုးခံရသူ များပြားလာကြောင်းသိရသည်။
#ဧရာ၀တီတိုင်း #စစ်မှုထမ်းစုဆောင်းခံရသောလူငယ်များ #အပါတ်စဥ်၁၂ #Ayeyarwaddy_Times