ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

အကျိုးစီးပွားအတွက် အမေရိကန်နိုင်ငံနဲ့ မည်သည့်နည်းနဲ့မဆို အပေးအယူလုပ်တဲ့ အခြားတိုင်း ပြည်တွေကို လက်တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

အခြားတိုင်းပြည်တွေက တရားမျှတမှုဘက်မှာ ရပ်တည်ဖို့ မျှော်လင့်ကြောင်း တရုတ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပြီး အမေရိကန်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပါက စီးပွားရေးနဲ့ကုန်သွယ်ရေး စည်းမျဉ်းတွေကို ကာ ကွယ်သင့်တယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဧပြီလ ၂ ရက် စည်းကြပ်ခွန် တိုးမြှင့်မှုနဲ့ပတ်သက်လို့ ကုန် သွယ်ဘက်နိုင်ငံအားလုံးအပေါ် အလွဲသုံးစားလုပ်တာလို့ ၎င်းက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်မှုဟာ တစ်ဖက်သတ် ကြီးနိုင်ငယ်ညှင်းပြုလုပ်တာဖြစ်ပြီး ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ပြုလုပ်တဲ့ မည်သည့်တိုင်းပြည်ကိုမဆို တ ရုတ်နိုင်ငံက ဆန့်ကျင်ပြီး သေချာပေါက် တန်ပြန်အစီအမံတွေနဲ့ လက်တုံ့ပြန်သွားမယ်လို့ ၎င်းက သတိ ပေးပါတယ်။

အခြားတိုင်းပြည်တွေနဲ့ စည်းကြပ်ခွန်ကိစ္စ စေ့စပ်ညှိနှိုင်းချိန်မှာ တရုတ်နဲ့ အကန့်အသတ်နဲ့သာ ကုန်သွယ်ဖို့ အမေရိကန်အစိုးရက တောင်းဆိုမယ်လို့ သတင်းတွေထွက်နေချိန်မှာ တရုတ်က အခုလို သ တိပေးတာပါ။

ဒေါ်နယ်ထရမ့်က ဧပြီလအတွင်း တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၁၄၅ ရာခိုင်နှုန်း တိုး မြှင့်ခဲ့ရာ တရုတ်နိုင်ငံကလည်း စည်းကြပ်ခွန်တိုးမြှင့်ပြီး လက်တုံ့ပြန်ခဲ့သလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ တိုင်ကြားခဲ့ပါတယ်။

ကိုးကား – UPI
Ref; China will punish countries that bargain with the U.S. over tariffs

#Ayeyarwaddy_Times