
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ ကျန်ရှိသော ယူကရိန်းတပ်ဖွဲ့တွေကို ၇လ ကျော်ကြာ ပိတ်ဆို့ထားတယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
ကာတ်စ်ဒေသရဲ့အခြေအနေမှာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်ရှိနေပြီး ယူကရိန်းတပ်ဖွဲ့တွေကို ပိတ်ဆို့ထားတယ်လို့ ၎င်းက မော်စကိုမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ခံထားရတယ်ဆိုတာကို ယူကရိန်း ထိပ်တန်းတပ်မှူးတစ်ဉီး က ဒီသီတင်းပတ်အတွင်း ငြင်းဆန်ခဲ့ပါတယ်။
ပူတင်ဟာ ဗုဒ္ဓဟူးနေ့က ကာတ်စ်ဒေသရှိ ရုရှားတပ်ဖွဲ့တွေထံ ရုတ်တရက် သွားရောက်ခဲ့ပြီး ယူ ကရိန်းတပ်ဖွဲ့တွေထံမှ အဆိုပါဒေသကို အမြန်ဆုံး ပြန်သိမ်းပိုက်ဖို့ တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးခဲ့ပါတယ်။
“လာမယ့်ရက်တွေအတွင်း ယူကရိန်းတပ်ဖွဲ့ကို ပိတ်ဆို့မယ်ဆိုရင် ဘယ်သူမှထွက်ခွာနိုင်မှာမ ဟုတ်ဘူး။ နည်းလမ်းနှစ်လမ်းပဲရှိပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေ လက်နက်ချမလား အသေခံမလား” လို့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ထောက်ခံတယ်လို့ သူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေ ညပိုင်း လွှတ်တင်တဲ့ ဒရုန်း ၁၁၇ စင်းအနက် ၇၄ စင်းကို ပစ်ချခဲ့တယ်လို့ ယူ ကရိန်းစစ်တပ်က ပြောပါတယ်။
ယူကရိန်းဒရုန်း ၇၇ စင်းကို ပစ်ချခဲ့ပြီး ဒရုန်းအများစုကို ရုရှား-ယူကရိန်းနယ်စပ်တစ်လျှောက်ရှိ ဒေသတွေမှာ ပစ်ချခဲ့တာလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – VOA
Ref; Putin says Ukrainian troops in Russia’s Kursk must ‘surrender or die’
#Ayeyarwaddy_Times