
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ပြီး သုံးပတ်ကျော်အကြာမှာ ပြည်သူ ၆ ဒသမ ၃ သန်းဟာ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ခန့်မှန်းလိုက်ပါတယ်။
ကလေးငယ်များနဲ့ အမျိုးသမီးများဟာ အလွန်အမင်း ပူပြင်းမှု၊ ဘေးကင်းသောရေ အကန့်အ သတ်နဲ့သာရရှိမှုနဲ့ အခြားအခြေအနေတွေကြောင့် ကျန်းမာရေးအန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ UNICEF က ပြောပါတယ်။
အသက် (၅) နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များအတွက် အာဟာရချို့တဲ့မှုရှိနေဆဲလို့ UNICEF က ဆိုပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့တော် မန္တလေးနဲ့ အခြားနေရာတွေမှာ ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေဟာ မြေငလျင်ဘေးသင့် ဒေသတွေ မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက မြေငလျင်ဒဏ်သင့်မြန်မာနိုင်ငံကို ဆက်လက်ပြီး ပံ့ပိုးကူညီကြဖို့ UNICEF က တောင်းဆိုနေပါတယ်။
မြေငလျင်ကြောင့် လူ ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ၁၂၀ ကျော် ပျောက်ဆုံးခဲ့တယ်လို့ မြန်မာစစ် ကောင်စီက ပြောပါတယ်။ လူအများအပြားဟာ နေအိမ်ပြင်ပတွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။
မြေငလျင်ဘေးသင့် ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းမှု တာရှည်နေမှုကြောင့် ကျန်းမာ ရေးအခြေအနေ ပိုဆိုးရွားလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကိုးကား – NHK
Ref; UNICEF: 6.3 mil. people in Myanmar still in urgent need
#Ayeyarwaddy_Times