
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှဗိုလ်မှူးအပါအဝင် တပ်ကြပ်နှင့် ဒုတပ်ကြပ်သုံးဦးတို့ကို တော်လှန်ရေးတပ်ဖွဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဧပြီ ၁၉ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ လမ်းပိုင်းတစ်နေရာကို PLA တပ်ဖွဲ့မှ ထိန်းချုပ် စစ်ဆေးနေချိန် စစ်ကောင်စီတပ် အမှတ် (၁၃) ကာကွယ် ရေးပစ္စည်းစက်ရုံမှ ဗိုလ်မှူးဖြိုးမင်းကျော်၊ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း-၃ တပ်ခွဲမှ တပ်ကြပ် အောင်ဇော်နိုင်နှင့် ဒုတပ်ကြပ် ထွန်းပြည့်စုံတို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်း PLA တပ်ဖွဲ့မှ ပြောသည်။
“သူတို့က ကားနဲ့လာတဲ့ချိန် ဖမ်းမိတာပါ။ ဗိုလ်မှူးကို ဖမ်းပြီးအပြန် နေပြည်တော်နဲ့ ၂၅ မိုင်အကွာမှာ တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲအတွင်း သုံးယောက်လုံး သေဆုံးသွားတာပါ”ဟု ပြည်သူ့လွတ်မြောက် ရေးတပ်မတော် PLA တပ်ဖွဲ့ဝင် ရဲဘော်ကျော်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကပစဗိုလ်မှူးနှင့်အဖွဲ့ကို ဖမ်းဆီးရမိချိန်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်နှင့် စစ်ဘက်ဆိုင်ရာအသုံး အဆောင်များ၊ ဖုန်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြန်လည်ဆုတ်ခွာစဉ် ထိတွေ့တိုက်ပွဲအတွင်းမှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တပ်တွင်းသတင်းပေးပို့ချက်များကြောင့် တိကျစွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
#နေပြည်တော် #ဥတ္တရသီရိ #စစ်ကောင်စီ #ကပစ၁၃ #ဗိုလ်မှူး #၉၁၀ #စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း #တပ်ကြပ် #ဒုတပ်ကြပ် #သေဆုံး #Ayeyarwaddy_Times