
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာရှိ ဒေါ်မူချိုကုန်စုံဆိုင်ကို စစ်ကောင်စီက လေကြောင်းမှဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ခြောက်ဦးသေဆုံးကြောင်း သိရ သည်။
ကန့်ဘလူမြို့နယ် သင်တောရွာကို ယမန်နေ့ ဧပြီ ၂၀ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် တံတားဦးတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ခြောက် ဦးသေဆုံးပြီး နေအိမ်နှင့် ဆန်စက်၊ ဆီစက်များပါ မီးလောင်ပြာကျသွားကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေါ်မူချိုကုန်စုံဆိုင်နှင့် အနီးပတ်ဝန်း ကျင်များသို့ ကျရောက်ပေါက်ကွဲပြီး ဦးကျော်မင်းကြီး (၅၀) နှစ်၊ ကိုဖိုးမော့ (၃၀) နှစ်၊ ကိုမင်းမင်း (၃၀) နှစ်၊ ဒေါ်ခင်မာနှင်း (၅၀) နှစ်၊ ဒေါ်စော (၅၀) နှစ်နှင့် မမိသေး (၂၀) နှစ်တို့ ခြောက် ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
ဗုံးကြဲခံရသည့် သင်တောရွာသည် စစ်တပ်၏ ကိုးထောင်ဘို့အထိုင်စခန်းနှင့် နီးသည့်အတွက် ဒေသခံများမှာ ရွာထဲတွင် နေထိုင်ခြင်းမရှိဘဲ ရွာပြင်ထွက်နေရာမှ ယခုရက်ပိုင်း ရွာထဲပြန်လည်ဝင်ရောက်နေထိုင်နေကြပြီး ဈေးအရောင်းအဝယ်ပြုလုပ်နေချိန်တွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယခုဗုံးကြဲခံရသည့်နေရာသည် သင်တောရွာတွင် အကြီးဆုံးကုန်စုံဆိုင်ကြီးဖြစ်ပြီး ငါးပုံစက်နှင့် ဆီစက်များပါ ပါရှိသည့်အတွက် ဗုံးကြဲခံရချိန်တွင် ကုန်စုံဆိုင်၏တိုက်အိမ်၊ ဆီစက်၊ ဆန်စက်တို့ မီးလောင်ပျက်စီးခဲ့ပြီး အတူနေအဒေါ်ဖြစ်သူနှင့် ချွေးမဖြစ်သူတို့ပါ သေဆုံးခဲ့ကြောင်း ဒေသသတင်းဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်ခံရသည့် သင်တောရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်း၊ ဘုရားစေတီနှင့် ဒေသခံပြည်သူ များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် အပစ်ရပ်စဲထားသည့် ဧပြီလတစ်လလုံး စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများနှင့် ဘုန်းကြီးကျောင်းများကို အဓိကထား၍ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၅၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
#စစ်ကိုင်း #ကန့်ဘလူ #သင်တောရွာ #စစ်ကောင်စီ #ဗုံးကြဲ #ပြည်သူ #၆ဦးသေဆုံး
#Ayeyarwaddy_Times