
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား ပွမ်၏ ပုံကို တက်တူးရေးထိုးပြီး ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦးက ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြောင်းသိရသည်။
ထိုင်းသတင်းများတွင် ပွမ် ဟုဖော်ပြခဲ့သည့် ထိုင်းတက္ကသိုလ် ပထမနှစ် ကျောင်းသားသည် ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်တွင် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှန်ဂရီလာ ဟိုတယ်အတွင်း ဝင်ရောက်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“မင်းအောင်လှိုင်ကို ဆန္ဒပြပီး အမှန်တရားကို ထုတ်ဖော်ပြောကြားရဲတဲ့ ထိုင်းကျောင်းသားလေးအတွက် အရေပြားပေါ်မှာ တက်တူးထိုးပြီး မှတ်ကျောက်တင်ဂုဏ်ပြုပေးတာပါ”ဟု ပွမ်၏ ပုံတူကို တက်တူရေးထိုးခဲ့သူ ထိုင်းရောက်မြန်မာလူငယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းတက္ကသိုလ်ကျောင်းသား ပွမ်က ထိုင်းနိုင်ငံအနေဖြင့် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း၊ အစည်းအဝေးသည် အပြစ်မဲ့သူ ၆၀၀၀ ကျော်၏ သွေးများ စွန်းနေကြောင်း စသည်ဖြင့် ပြောဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ပုံစာ-ထိုင်းကျောင်းသား ပုံတူကို တက်တူးထိုး ဂုဏ်ပြုထားစဉ်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား
#စစ်ခေါင်းဆောင်မင်းအောင်လှိုင် #ဆန္ဒပြ #ထိုင်းတက္ကသိုလ်ကျောင်းသား၏ပုံတူ #တက်တူးရေးထိုး #ထိုင်းရောက်မြန်မာလူငယ် #ဂုဏ်ပြု #Ayeyarwaddy_Times