
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို ဘေး ကင်းလုံခြုံစွာ နေရပ်ပြန်ပို့ဖို့ မဖြစ်နိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြံပေးချုပ် ခါလီလူရာမန်က ပြောပါတယ်။
“ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့နိုင်မယ့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ဖို့ ရခိုင်ပြည်နယ်မှာ ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်မှုရရှိအောင် ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်နေပါတယ်” လို့ ရခိုင်သင်္ကြန်ပွဲကို တက်ရောက်ပြီးနောက် ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ မြန်မာအစိုးရဟာ နိုင်ငံတကာရဲ့ဖိအားကြောင့် ရိုဟင်ဂျာ တွေ နေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်မှတ် ရေးထိုးခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေက ဘေးကင်းလုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်မရှိဘဲ နေရပ်ပြန်ဖို့ ငြင်းဆန်ခဲ့ တာကြောင့် အဆိုပါအစီအစဉ် မအောင်မြင်ခဲ့ပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဉီးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းကာ သံတမန်ရေး စေ့စပ်ညှိနှိုင်းမှုတွေ အဆုံးသတ်သွားပြီးနောက် ရိုဟင်ဂျာအရေး အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ရိုဟင်ဂျာ ၈၀၀၀၀ ကျော် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ် အစိုးရ အကြီးအကဲ မိုဟာမက်ယူနွတ်က သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာအရေး ရေရှည်အဖြေရှာဖို့ ဒီလအစောပိုင်းမှာ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။
“နောက်ဆုံးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အဖြေရှာရပါမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – BSS News
Ref; Rohingya repatriation not safe under current Rakhine conditions, says Khalilur
#Ayeyarwaddy_Times