
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၁ ရက်
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းများ ဟန့်တား နိုင်ရေးအတွက် ဒေါန စစ်ကြောင်း (၃) နှင့် မွန် ကရင် ၊ ထားဝယ် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးမဟာမိတ် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဒေါနတပ်ခွဲ (၄) ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KBDF က ယနေ့ ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ယင်း စစ်ရေးမဟာမိတ် ပူးပေါင်းခြင်းကို ပြီးခဲ့သော မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ရေးအရ မဟာမိတ်ပူးပေါင်းခြင်းကို ဒေါနစစ်ကြောင်း(၃)(တပ်ခွဲ-၄၊တပ်ခွဲ-၆၊တပ်ခွဲ-၇)၊ KNU တပ်မဟာ (၆) တပ်ရင်း၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDFတပ်ရင်း-၁ ၊ ဓဝယ်တပ်တော် DNLA တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့ ကြသည်။
“ကျွန်နော်တို့ စစ်ရေး အရ မဟာမိတ်ဖွဲ့ဖို့ အကောင်အထည်ဖော်ကြိုးစားနေတာကကြာပါပြီ။ အခုမှ အကောင်အထည်ဖော်ဖြစ်တယ်။ ကျွန်တော်တို့ အခုလုပ်ဆောင်တဲ့ ရည်ရွယ်ချက်က ရေရှည်မှာ စုစုစည်းစည်းနဲ့ ပိုပြီး လုပ်ဆောင်လာဖို့ရှိတယ်။တစ်ဖွဲ့ နဲ့တစ်ဖွဲ့ အပြန်အလှန် ထိန်းကြောင်းပေးဖို့ ။ ပြီးတော့ ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေသော စစ်ကောင်စီ စစ်ကြောင်းများအား ထိရောက်စွာ ဟန့်တားနိုင်ရန်နှင့် စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြသည်”ဟု ဒေါနတပ်ခွဲ (၄) ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF မှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယင်းအပြင် စစ်ရေးအရ မဟာမိတ်ပူးပေါင်းလိုက်ခြင်းအားဖြင့် မွန် ၊ကရင် တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့များအကြား အပြန်အလှန် ထိန်းကြောင်းနိုင်ရေးနှင့် လိုအပ်သော အကူအညီများ အပြန်အလှန် ပေးအပ်နိုင်ရန်အတွက် ကောင်းမွန်သော တွေ့ဆုံမှု ဖြစ်ခဲ့ကြောင်း ဒေါနစစ်ကြောင်း(၃) စစ်ကြောင်းမှူးက ဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှု မှနေ၍ ရလဒ်ကောင်းများ ရရှိခဲ့ပြီး အောင်မြင်သော စစ်ရေးဖော်ဆောင်မှု များရရှိရေးအတွက်လည်း ဘုံသဘောတူညီချက်များထားရှိ၍ ကြိုးစားဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ ၊ ဒေါနတပ်ခွဲ (၄) ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF
ပုံစာ ၊ စစ်ရေးအရ မဟာမိတ်တပ်ဖွဲ့များအဖြစ်ပူးပေါင်းလိုက်တဲ့ ဒေါနစစ်ကြောင်း (၃) နှင့် မွန် ၊ ကရင် ၊ ထားဝယ် ၊လက်နက်ကိုင် တပ်ဖွဲ့များအားတွေ့ရစဥ်။
#ရေဖြူမြို့နယ် #စစ်ကောင်စီစစ်ကြောင်းများ #ဟန့်တားနိုင်ရေး #ဒေါနစစ်ကြောင်း၃ #မွန်ကရင်ထားဝယ် #စစ်ရေးမဟာမိတ်ပူးပေါင်း #Ayeyarwaddy_Times