
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ယနေ့ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဗာ တီကန်စီးတီးက ကြေညာလိုက်ပါတယ်။
ဖရန်စစ်ဟာ အာဂျင်တီးနားနိုင်ငံမှာ မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ကက်သလစ်ကျောင်းတော်ရဲ့ အကြီးအကဲအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ပထမဆုံးသော လက်တင်အမေရိကန် ဖြစ်လာခဲ့ပါတယ်။
ချမ်းသာသူတွေနဲ့ ဆင်းရဲသူတွေကြား ကွာဟချက်တွေ ကြီးမားမှုကို ဖြေရှင်းမယ့်အစီအမံတွေ လုပ်ဆောင်ကြဖို့ ၎င်းက တောင်းဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ အမေ့လျှော့ခံပြည်သူတွေထံ သွားရောက်ခဲ့ပါ တယ်။
ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းသွားလာသူတွေကို ကာကွယ်ပေးဖို့နဲ့ ရာသီဉတုပြောင်းလဲမှုကို တုံ့ ပြန်ဖို့ ဖရန်စစ်က ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ဖရန်စစ်ဟာ ၃ နှစ်အတွင်း ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပြီး အဏုမြူဗုံးသင့် ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့မှာ မိန့်ခွန်းတွေ ပြောကြား ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ငြိမ်းချမ်းစွာ အဖြေ ရှာဖို့ သူက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှု အခြေအနေ တိုး တက်စေဖို့ ဖရန်စစ်က အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။
ဖရန်စစ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မကြာခဏဆိုသလို ဆေးရုံတက်ခဲ့ရပါတယ်။ သူဟာ ရင် ကျပ်နာ ကုသဖို့အတွက် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ရောမမြို့တော်က ဆေးရုံတစ်ရုံမှာ တစ်လကျော်ကြာ တက်ရောက်ခဲ့ရပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ – (EIDON/MAXPPP)
ကိုးကား – NHK
Ref; Pope Francis dies at 88, Vatican says
#Ayeyarwaddy_Times